တာချီလိတ်မြို့ရှိ ဆန်စက်များအားကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

       ၂၀၂၅ ခုနှစ်၊ မေလ (၂၂) ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် တာချီလိတ်မြို့နယ် တာဝန်ခံရုံးမှ စစ်ဆေးရေးမှူးဦးမျိုးအောင်(ဦးစီးအရာရှိ)နှင့် ဝန်ထမ်းများသည် တာချီလိတ်မြို့နယ်၊ မိုင်းကိုးအုပ်စုနှင့် ဖန်မင်အုပ်စုအတွင်းရှိ ဆန်စက်များတွင် စပါးသိုလှောင်ထားရှိမှု၊ ဆန်သိုလှောင်ထားရှိမှု၊ ဆန်လက်ကျန်၊ စပါးလက်ကျန်အခြေအနေနှင့် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းချနိုင်ရေးအတွက် လက်ရှိဖြစ်ပေါ်နေသည့် ဆန်စပါးဈေးကွက်အခြေအနေများအား  ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်။

      ထိုသို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်ရာတွင် တာချီလိတ်မြို့နယ်၊ မိုင်းကိုး အုပ်စုနှင့်ဖန်မင်အုပ်စုအတွင်းရှိ ဆန်စက်များတွင် ကောက်ညှင်း(ဒေသ)၊ ဒေသဆန်မွှေး၊ ဧည့်မထ (ဒေသ)ဆန်များကိုသာ အဓိကရောင်းဝယ်လျက်ရှိကြောင်း တွေ့ရှိရပါသည်။ ထို့နောက် စစ်ဆေးရေးမှူးများနှင့် ဝန်ထမ်းများသည် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှ ထုတ်ပြန်ထားသော “ဆန်တန်ချိန်(၂၅)သို့မဟုတ် စပါးတင်း(၂၅၀၀)နှင့်အထက်သိုလှောင် သည့်ဆန်စပါးသိုလှောင်ရုံပိုင်ရှင်များအနေဖြင့် MyRoတွင်မှတ်ပုံတင်ပြုလုပ်ကြရန်”နှင့် ဆန်စပါး ပိုင်ရှင်များအား ဆန်စပါးဈေးကွက်နှင့်ဈေးနှုန်းတည်ငြိမ်မှန်ကန်စေရေး၊ သမားရိုးကျရောင်းဝယ်ခြင်း မဟုတ်သော ဈေးကစားလိုသည့်ရည်ရွယ်ချက်ဖြင့် သိုလှောင်ခြင်း၊ ဈေးနှုူန်းမြှင့်တင်ရောင်းချခြင်းများ မဖြစ်ပေါ်စေရေးတို့အတွက် သင့်တင့်မျှတသောဈေးနှုန်းများဖြင့် ရောင်းဝယ်မှုပြုလုပ်ကြရန် အသိပညာပေး ကွင်းဆင်းစစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

DOCA(ရှမ်း)