
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ကုန်ဈေးနှုန်းများတည်ငြိမ်ကျဆင်းစေရေး အခြေခံ စားသောက်ကုန်စည်များ ရောင်းချပေးခြင်းကို ၂၈.၅.၂၀၂၅ ရက်နေ့ နံနက် (၉:၀၀) နာရီအချိန်က ကဒါရပ်ကွက်၊ မင်္ဂလာဈေးတွင် ရောင်းချပေးလျှက်ရှိကြောင်း သိရသည်။
ထိုသို့ ရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခြေခံစားသောက်ကုန်စည်များဖြစ်သည့် အမဲသား တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဝက်သား တစ်ပိဿာ (၁၅၀၀၀) ကျပ်၊ ဆန် (၁) ပြည် (၃၂၀၀) ကျပ်၊ ဆီတစ်ပိဿာ (၇၂၅၇) ကျပ်၊ ကြက်ဥ (၄) လုံး (၂၀၀၀) စသည်တို့ကို ဈေးနှုန်းချိုသာစွာဖြင့် ရောင်းချပေးခဲ့ရာ အများပြည် သူများ ဝယ်ယူအားပေးခဲ့ကြောင်း သိရသည်။ အဆိုပါ ဈေးရောင်းချခြင်းအား မြို့နယ်စီမံအုပ် ချုပ်ရေးအဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အထူးစုံစမ်းစစ်ဆေးရေး ဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် ဈေးကော်မတီဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ပြည်သူများ သက်သာချောင်ချိရေးအတွက် ရောင်းချနေမှုများအား ဝိုင်းဝန်းကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
DOCA (မွန်)