
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးမြို့နယ်၊ အမှတ်(၂)ရပ်ကွက်ရှိ ဓနအောင်ဆီဆိုင်တွင် စားသုံးသူများအတွက်ဖြန့်ဝေသည့်စားအုန်းဆီများအား သတ်မှတ်ရည်ညွှန်းစျေးအတိုင်းရောင်းချ မှု ရှိ/မရှိ နှင့်အိမ်ထောင်စုတစ်စုအတွက် တစ်လလျှင် ၂ ပိဿာနှုန်းရောင်းချမှုရှိ/မရှိ အခြေအနေများ နှင့်ပတ်သက်၍ ၂၁.၅.၂၀၂၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါ တယ်။
အဆိုပါကွင်းဆင်းစစ်ဆေးရေးအဖွဲ့တွင် မန္တလေးတိုင်းဒေသကြီး၊စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံးနှင့်ကျောက်ဆည်ခရိုင်ဦးစီးမှူးရုံးရှိဝန်ထမ်းများမှတံတားဦးမြို့နယ်အတွင်း ရှိ စားအုန်းဆီရောင်းချသည့်ဆိုင်(၁၆)ခုသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရပါတယ်။
DOCA(မန္တလေး)