
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်း အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာနိုင်ငံ ဆန်စပါးအွန်လိုင်း( Myanmar Rice Online – My RO)တွင် မှတ်ပုံတင်ထားခြင်းမရှိသည့်ဆန်ဆိုင် နှင့်ဆန်သိုလှောင်ရုံများသို့ ၂၇.၅.၂၀၂၅ ရက်နေ့တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါမန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ရှိ ကွင်းဆင်းစစ်ဆေးရေးအဖွဲ့များမှ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံ (၁၀)ခုသို့ သွားရောက်၍ မြန်မာနိုင်ငံ ဆန်စပါးအွန်လိုင်း( Myanmar Rice Online – My RO)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။
DOCA(မန္တလေး)