အင်္ဂပူမြို့နယ် ကုန်စည်နှင့်စပ်လျဉ်း၍အာမခံချက်ပေးခြင်း၊ အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့်အခွင့်အရေးအကြောင်း TALK SHOW အစီအစဉ်ဆောင်ရွက်ခြင်း

Powered by Drupal

 စားသုံးသူရေးရာဦးစီးဌာန၊ အင်္ဂပူမြို့နယ်ဦးစီးမှူးရုံးမှ အငယ်တန်းစာရေးသည် (၁၆.၅.၂၀၂၅) ရက်နေ့ နံနက်(၁၁:၃၀)အချိန်တွင် အင်္ဂပူမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြု ဗဟိုဌာန(Community Centre)ခန်းမ၌ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးခြင်း ၊အာမခံပေးထားမှုအပေါ် စားသုံးသူကတောင်းဆိုနိုင်သည့် အခွင့်အရေးအကြောင်း စားသုံးသူရေးရာ အသိပညာပေး Talk Showအစီအစဉ်ကို ဆောင်ရွက်ခဲ့ပါသည်။

     အဆိုပါအစီအစဉ်တွင် အငယ်တန်းစာရေး ဒေါ်ဝင်းမာစိုးက စားသုံးသူရေးရာဦးစီးဌာန၏ စားသုံးသူကာကွယ်ရေးဥပ‌ဒပါ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ရောင်းချသည့်ကုန်စည်နှင့် စပ် လျဉ်း၍ အာမခံချက်ပေးခြင်းများအကြောင်း၊ ကုန်စည်နှင့်စပ်လျဉ်း၍ အာမခံချက်ပေးရာတွင် စားသုံးသူကလက်ခံသုံးစွဲနိုင်သော အရည်အသွေးရှိခြင်း၊ ဘေးအန္တရာယ်ကင်းရှင်းစေခြင်း၊ ကုန်စည်၏အချိန် အတွယ် ပမာဏနှင့် အလေးချိန်မှန်ကန်မှုရှိခြင်း၊ အာမခံချက်ပေးထားသော ဖော်ပြမှုများနှင့် အညီ စားသုံးသူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရေးစသည်တို့ကို ပုဒ်မ(၂၃)တွင်ဖော်ပြထား ကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်က စားသုံးသူအပေါ် အာမခံချက်ပေးထားသည့် ကာလ၊ အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ခြင်းမပြုလျှင်ဖြစ်စေ၊ သတင်းအချက်အလက်ပြည့်စုံစွာ ဖော်ပြခြင်း မရှိလျှင်ဖြစ်စေ စားသုံးသူက တောင်းဆိုနိုင်သည့် အခွင့်အရေးများကို ပုဒ်မ(၂၄) ပုဒ်မခွဲ(၄)ခုဖြင့် ဖော်ပြထားကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 ( DOCA ဧရာဝတီ)