ဟင်္သာတမြို့နယ်ရှိ ဆီစက်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

       စားသုံးသူရေးရာဦးစီးဌာန၊ဟင်္သာတမြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည်.၂၀၂၅ ခုနှစ် မေလ ၁၆ ရက်နေ့ နေ့လယ်(၁၄:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ဟင်္သာတမြို့ပေါ် ရပ်ကွက်ရှိ ဆီစက်များအား ထုတ်ကုန်လုံခြုံစိတ်ချရမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့စစ်ဆေးခဲ့ရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများစားသုံးရန် ကြိတ်ခွဲထုတ်လုပ်လျက်ရှိ သောဆီများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ် ဆေးခဲ့ပြီး၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက်များရှိပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည့်ညွှန်ကြားချက်အမှတ်(၁/၂၀၂၁)နှင့်အညီလိုက်နာဆောင်ရွက်မှုရှိကြောင်း တွေ့ရှိရပါသည်။ဆက်လက်၍ စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတမြို့နယ်တာဝန်ခံ ဦးမိုးကျော်က ဆီစက်ပိုင်ရှင်များနှင့်တွေ့ဆုံ၍ “တစ်နေ့လျှင် ကြိတ်ခွဲထုတ်လုပ်နိုင်သော ဆီတန်ချိန်၊ကြိတ်ခွဲ ထုတ်လုပ်သောကုန်ကြမ်းများရယူသော နေရာ၊ဒေသများနှင့် နဝလီ ကြိတ်ခွဲခြင်း သို့မဟုတ် မိမိကိုယ်ပိုင် ရောင်းချရန် ကြိတ်ခွဲခြင်း”များကို ဆွေးနွေးခဲ့ပြီး လုပ်ငန်းရှင်များအနေဖြင့် ပြည်သူများ စားသုံးရာတွင် ကျန်းမာရေးနှင့်သင့်တင့်ညီညွတ်မျှတအောင် ကြိတ်ခွဲထုတ်လုပ်ရန်၊စားသုံးသူများအသုံးပြုရန် သင့်တော်သောဆီများကိုသာရောင်းချရန်နှင့် သင့်တင့်မျှတသောဈေးနှုန်းဖြင့်သာ ရောင်းချနိုင်ရေး ရှင်းလင်းပြောကြားကာ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)