ဇလွန်မြို့နယ် “One Star”ရေခဲစက်နှင့် “အောင်ကြီးပွား” ရေခဲစက်များအား ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံနှင့်ဝန်ထမ်းများသည် ၁၆.၅.၂၀၂၅ ရက်နေ့ နံနက်(၁၀:၃၀)နာရီအချိန်တွင် သက်ဆိုင်ရာအဖွဲ့များနှင့်ပူးပေါင်း၍ ဇလွန်မြို့၊ ဒူးယားလမ်း၊ လမ်းမ တော်(မ)ရပ်ကွက်ရှိ “One Star” ရေခဲစက်နှင့် ကွက်သစ်လမ်း၊ ဆန်တန်းရပ်ကွက်ရှိ “အောင်ကြီးပွား” ရေခဲစက်သို့ သွားရောက်၍   သန့်ရှင်းမှုနှင့် ဘေးအန္တရာယ်ကင်းရှင်းမှုရှိစေရေး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ကွင်းဆင်းရာတွင် ပူးပေါင်းအဖွဲ့သည် ပြည်သူများအသုံးပြုရန် ထုတ်လုပ်လျက်ရှိသော ရေခဲများတွင် ဘေးအန္တရာယ်ကင်းရှင်းမှုရှိ/မရှိ၊ စားသုံးရန် သို့မဟုတ် အသုံးပြုရန် သင့်/မသင့် စစ်ဆေးခဲ့ပြီး၊ သက်ဆိုင်ရာဌာန၏ထောက်ခံချက်များရရှိကာ စက်မှုလုပ်ငန်းမှတ်ပုံတင်ထားကြောင်း တွေ့ရှိရပါသည်။ စားသုံးသူမိဘပြည်သူများ ဘေးအန္တရာယ်ကင်းရှင်းစွာအသုံးပြုနိုင်စေရန်  လုပ်ငန်းအတွင်း/အပြင်၌ သန့်ရှင်းစေရေး၊ရေစီးရေလာကောင်းမွန်စေရန်နှင့် သတ်မှတ်အရည်အသွေးပြည့်မီသော ကုန်စည်များကိုသာရောင်းချရန် အလေးထားဆောင်ရွက်စေလိုကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

 (DOCA ဧရာဝတီ)