
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ဈေးသည်များ၊ ဈေးဝယ်သူများနှင့် စည်ကားသိုက်မြိုက်လျက်ရှိပြီး မိသားစုစားဝတ်နေရေးအတွက် ကုန်စိမ်းသီးနှံမျိုးစုံကို ရောင်းချသည့်အလုပ်ဖြင့် အသက်မွေးဝမ်းကြောင်းပြု လုပ်ကိုင်နေကြောင်းသိရသည်။
ယခု ၂၀၂၅ ခုနှစ်၊ မေလ နောက်ဆုံးပတ်အတွင်း ဖြစ်ပေါ်နေသော ကျွန်းလှမြို့၏ ဂေါ်ရခါးသီး ဈေးနှုန်းများမှာ ဂေါ်ရခါးသီး အလုံးကြီး တစ်လုံးလျှင်(၈၀၀)ကျပ်၊ ဂေါ်ရခါးသီး အလုံး အလတ် တစ်လုံး လျှင်(၇၀၀) နှင့် ဂေါ်ရခါးသီး အလုံးသေး တစ်လုံးလျှင် (၅၀၀)ကျပ် ဈေးနှုန်းတို့ဖြင့် အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ သံပုရာသီး အကြီး(၁)လုံးလျှင်(၂၀၀/၂၅၀) ကျပ်နှင့် သံပုရာသီး အသေး တစ်လုံးလျှင် (၁၅၀/၁၀၀) ကျပ်ဈေးနှုန်း အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း၊ ကျွန်းလှမြို့၊ သစ်ရာမြိုင်ဈေးတွင် ကုန်စိမ်း သီးနှံမျိုးစုံ ရောင်းချနေသော ဈေးသည် တစ်ဦးထံမှ သိရသည်။
DOCA(စစ်ကိုင်း)