တိုင်းဒေသကြီးဦးစီးမှူးရုံးတွင်ဆီရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူကာကွယ်ရေးရေး အသိပညာပေး ဟောပြောဆောင်ရွက်

Powered by Drupal

      တိုင်းဦးစီးမှူးရုံးတွင် စားအုန်းဆီရောင်းချသော လုပ်ငန်းရှင်များအား ဆီဈေးနှုန်းများ ဈေးနှုန်းမြှင့်တင်ရောင်းချမှုမရှိစေရန်ဟောပြောခဲ့ပြီးစားသုံးသူ အခွင့်အရေးနှင့် စားသုံးသူ၏ အကျိုးစီးပွားကာကွယ်ရေးဆောင်ရွက်ချက်များအား တိုင်းဒေသကြီးဦးစီးမှူး၊ညွှန်ကြားရေးမှူး ဦးဝင်းထွန်းမှ စားအုန်းဆီရောင်းချသောလုပ်ငန်းရှင်များအား စားသုံးသူ၏အခွင့်အရေးနှင့် တာဝန်များအကြောင်းအသိပညာပေးဆောင်ရွက်လျက်ရှိရာ (၂၃.၅.၂၀၂၅)ရက်နေ့ ဆီရောင်းချသောလုပ်ငန်းရှင်များအား အသိပညာပေး ဟောပြောခဲ့ကြောင်း သိရပါသည်။

     အဆိုပါဟောပြောပွဲတွင်စားသုံးသူကာကွယ်ရေးဥပဒေကိုပြဌာန်းဆောင်ရွက်ခဲ့မှုအကြောင်း၊စားသုံးသူကာကွယ်ရေး၏အဓိပ္ပါယ် ၊စားသုံးသူပြည်သူများ ရပိုင်းခွင့်ရှိသော စားသုံးသူအခွင့်အရေး (၈)ချက်နှင့် စားသုံးသူ၏ တာဝန်များအကြောင်း၊ ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ကိစ္စရပ်များဈေးကွက်စောင့်ကြည့်၊ ကုန်အညွှန်းအမှတ်အသားအကြောင်း၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်းနှင့် ဆီဈေးနှုန်းများကို ဈေးနှုန်းများမြှင့်တင်ရောင်းချမှုမရှိစေရေး အထူးဟောပြောခဲ့ကြောင်း သိရပါသည်။

(DOCA ဧရာဝတီ)