ဟင်္သာတခရိုင် အကျဉ်းဦးစီးဌာနရှိ ဝန်ထမ်းများအား စားသုံးသူကာကွယ်ရေးဆိုင်ရာအသိပညာပေး ဟောပြောခြင်း

Powered by Drupal

    စားသုံးသူရေးရာဦးစီးဌာန၊ ဟင်္သာတခရိုင်ဦးစီးမှူး ဦးဇော်မင်း ဦးဆောင်သောအဖွဲ့သည် (၁၄.၅.၂၀၂၅)ရက်နေ့ နေ့လယ်(၁၃:၃၀)အချိန်တွင် ဟင်္သာတမြို့၊ ရုံးကြီးရပ်ကွက်ရှိ အကျဉ်းဦးစီးဌာန၊ ဟင်္သာတအကျဉ်းထောင်ဝန်းအတွင်း၊ အစည်းအဝေးခန်းမ၌ အကျဉ်းဦးစီးဌာနမှ အရာထမ်း၊ အမှုထမ်းနှင့် မိသားစုဝင်(၆၅)ဦးအား စားသုံးသူကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

    ဟောပြောပွဲတွင် ခရိုင်ဦးစီးမှူး ဦးဇော်မင်းက စားသုံးသူကာကွယ်ရေးဥပဒေကို ၂၀၁၉ ခုနှစ် မတ်လ(၁၅)ရက်နေ့တွင် အခန်း(၂၅)ခန်း၊ ပုဒ်မ(၈၄)ခုဖြင့် ပြဌာန်းခဲ့ကြောင်း၊ လက်ရှိဆောင်ရွက်လျက်ရှိသော စားသုံးသူကာကွယ်ရေးလုပ်ငန်းတာဝန်များနှင့် ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးရေးဆိုင်ရာ လုပ်ငန်းများအကြောင်း ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဒု-ခရိုင်ဦးစီးမှူး ဦးမောင်မောင်မြတ်ခိုင်မှ CICC အကြောင်း သိကောင်းစရာများမှ စားသုံးသူအခွင့်အရေးဆုံးရှုံးနိုင်သည့်အရာများ၊ တိုင်ကြားစာ လက်ခံဖြေရှင်းမှု ဆောင်ရွက်ပုံအဆင့်ဆင့်အား ရှင်းလင်းဆွေးနွေးခဲ့ပြီး၊ ဆက်လက်၍ ဟင်္သာတမြို့နယ်တာဝန်ခံဦးမိုးကျော်မှ စားသုံးသူကာကွယ်ရေးသိကောင်းစရာများခေါင်းစဉ်ဖြင့် စားသုံးသူ၏ အဓိပ္ပါယ်၊စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များအကြောင်း၊  စားသုံးသူကာကွယ်ရေးဥပဒေပါစားသုံးသူ အခွင့်အရေးနှင့်တာဝန်များ၊ စားသုံးသူများသည်ကုန်စည်ကိုရွေးချယ်ဝယ်ယူတတ်စေရန်၊ကုန်အညွှန်း အမှတ်အသားနှင့်စပ်လျဉ်း၍ ဖော်ပြပါရှိသည့် အချက်အလက်များကို သေချာစွာစိစစ်ဝယ်ယူနိုင်ရန်၊ အစားအသောက်နှင့် ကုန်စည်တွေပေါ်မှာဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ ဝယ်ယူအသုံးပြုခဲ့သောကုန်စည်နှင့်ဝန်ဆောင်မှုများကြောင့် နစ်နာဆုံးရှုံးမှုများဖြစ်ပေါ်လာပါက ပြော ဆိုတင်ပြတိုင်ကြားခွင့်နှင့် ပြန်လည်ကုစားနိုင်ခွင့်များအကြောင်း၊ ပြစ်မှုနှင့်ပြစ်ဒဏ်များအကြောင်း အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ပါသည်။  ထို့နောက် ဟောပြောပွဲ တက်‌ရောက်လာသူများကိုယ် တိုင် Consumer Call Centre 1535 သို့ဆက်သွယ်၍ သိလိုသည်များမေးမြန်းခြင်းကိုလည်း ဆောင်ရွက်ခဲ့ပြီး စားသုံးသူကာကွယ်ရေး အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)_