ဇလွန်မြို့နယ် ပဲ/နှမ်းကုန်သည်များအသင်းနှင့် တွေ့ဆုံဆွေးနွေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ဇလွန်မြို့နယ်တာဝန်ခံသည် (၁၃.၅.၂၀၂၅)ရက်နေ့ နံနက် (၀၉:၃၀) နာရီအချိန်တွင် ဇလွန်မြို့နယ်၊ ညောင်ပင်ဈေးရပ်ကွက်၊ ဦးဝိစာရလမ်းရှိ ပဲ/နှမ်း ကုန်သည်များအသင်းအဖွဲ့ဝင် ဦးနိုင်ထွန်းနှင့် တွေ့ဆုံ၍ ပြည်တွင်းကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်စေရေး ဆွေးနွေးခြင်းကို ဆောင်ရွက်ခဲ့ပါသည်။

     ထိုသို့ဆွေးနွေးခဲ့ရာတွင် အသင်းအဖွဲ့ဝင်ဦးနိုင်ထွန်းက လက်ရှိတွင်ကော်မတီအဖွဲ့ဝင်( ၄၀) ဦးရှိပြီး မြို့နယ်ကုန်စည်ဒိုင်အသင်းအနေဖြင့် အဖွဲ့ဝင်များ စည်းလုံးစွာ ဆောင်ရွက်လျက်ရှိပြီး ယခုကာလတွင် မတ်ပဲကိုသာ အဓိကထား ဝယ်ယူလျက်ရှိပါသည်။ ဇလွန်မြို့နယ်တွင် မတ်ပဲလက်ကျန် အသင့်အတင့်သာကျန်ရှိနေပြီး ရန်ကုန်သို့တင်ပို့ရာတွင် အဆင်ပြေချောမွေ့စေရန် ကုန်ပစ္စည်းအရည် အသွေး၊ အလေးချိန်၊ ဈေးနှုန်းမှန်ကန်စေရေးနှင့် ငွေကြေးပြသာနာများမဖြစ်ပေါ်စေရေး အဓိကထား ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ အသင်းအဖွဲ့ဝင်အားလုံးမှာလည်း မိမိတို့မြို့နယ်တွင် တရားဝင် ကုန်စည်ဒိုင်တစ်ခုဖြစ်စေရေး ပူးပေါင်းဆောင်ရွက်သွားကြရန်နှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်း များမှလည်း ကူညီဆောင်ရွက်ပေးခြင်းဖြင့် ဒေသတွင်းဖွံ့ဖြိုးမှုပိုမိုတိုးတက်လာနိုင်မှာဖြစ်ကြောင်း အကြံပြုဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ဧရာဝတီ)_