
ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနတွင် Thursday Talk ဟောပြောပွဲကို ၂၂.၈.၂၀၂၄ ရက်နေ့ နေ့လယ် (၁၃:၀၀) နာရီတွင် virtural ဖြင့် ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးဦးစီးမှူး၊ ဒုတိုင်းဒေသကြီးဦးစီးမှူး၊ ဌာနခွဲတာဝန်များနှင့်ဝန်ထမ်းများ၊ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများ စုစုပေါင်း (၁၂၀ )ဦး တက်ရောက်ခဲ့ပါသည်၊၊
အဆိုပါ Thursday Talk ဟောပြောပွဲတွင် ဧရာဝတီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲမှ ဦးစီးမှူး ဒေါ်မိုးမိုးခိုင် မှ စားသုံးသူကာကွယ်ရေးဥပဒေပါ စာသုံးသူအခွင့်အရေး (၈)ချက်၊ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်း ရည်ရွယ်ချက်များ၊ ကုန်စည်အုပ်စုအလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အချက်များကို Power Point ဖြင့် အကျယ်တဝံ့ ရှင်းလင်းခဲ့ပြီး အသိပညာပေးမှုအပေါ် အားသာချက်/အားနည်းချက်များကို တိုင်းဦးစီးမှူး၊ ဒုတိုင်းဦးစီးမှူးများမှ အကြံပြုဆွေးနွေးခဲ့ပြီး တက်ရောက်လာသော ခရိုင်ဦးစီးမှူးများမှလည်း သိလိုသည်များ မေးမြန်းဆွေးနွေးခဲ့ပြီး ဟောပြောပွဲကို ညနေ (၁၄:၀၀)နာရီတွင် ရုတ်သိမ်းခဲ့ပါသည်၊၊
DOCA(ဧရာဝတီ)