ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးနှင့် ခရိုင်များမှ ပေါ်ဆန်းဆန် စီးဝင်/ထွက် မှန်ကန်မှုရှိစေရေး အစည်းအဝေးတက်ရောက်

Powered by Drupal

      ဧရာဝတီတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန အစည်းအဝေးခန်းမတွင် မေလ ၂၄ရက်နေ့၊နေ့လယ် (၁၃:၀၀) နာရီ ရုံးချုပ်မှ ညွှန်ကြားရေးမှူးချုပ် ဦးခင်မောင်လှိုင် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဥက္ကဋ္ဌ ဦးရဲမင်းအောင်နှင့် ပေါ်ဆန်းစပါးစိုက်ပျိုးထုတ်လုပ်ထွက်ရှိသော ဧရာဝတီ၊ ရန်ကုန် ၊ စစ်ကိုင်း၊ မန္တလေးမြို့များရှိ စားသုံးသူရေးရာဦးစီးဌာန တိုင်းဦးစီးမှူးများ ဆန်စပါးကုန်သည်များနှင့် တွေ့ဆုံ၍ ပြည်တွင်းစားဆန်ဈေးကွက်အတွင်း ပေါ်ဆန်းဆန်များ စီးဝင်/စီးထွက်မှန်ကန်မှုရှိစေရေး ဈေးနှုန်း ဈေးကွက်တည်ငြိမ်ရေးနှင့် ပြည်ပတင်ပို့နိုင်ရေးအတွက် အခြေခံရည်ညွှန်းဈေးဖြင့် လစဉ်ပေါ်ဆန်းဆန်များ ရောင်းချနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပပြုလုပ်ခဲ့ပါသည်၊၊

      အစည်းအဝေးကို ဧရာဝတီတိုင်းဒေသကြီး တိုင်းဦးစီးမှူးဦးဝင်းထွန်း ၊ ဒုတိုင်းဦးစီးမှူး ဦးထွန်းထွန်း ၊ ပြည်တွင်းကုန်သွယ်ရေးဖွံ့ဖြိုးမှုဌာနခွဲ တာဝန်ခံနှင့် ဝန်ထမ်းများ ပုသိမ်ခရိုင်ဦးစီးမှူး၊ ပုသိမ်ခရိုင် ဆန်စက်လုပ်ငန်းရှင်နှင့် ဆန်ကုန်သည်အသင်းမှ ၆ ဦး၊ ကျုံပျော်ခရိုင်ဦးစီးမှူးနှင့် ၁ ဉီး၊ မြောင်းမြခရိုင်မှ ခရိုင်ဦးစီးမှူးနှင့် ၂ဦး၊ လပွတ္တာခရိုင်မှ ၄ဦး၊ ဖျာပုံခရိုင်ဦးစီးမှူး ဆန်စက် လုပ်ငန်းရှင်နှင့် ဆန်ကုန်သည်များအသင်းမှ ၂၁ ဉီး virtual စနစ်ဖြင့် တက်ရောက်ခဲ့ပါသည်၊၊

     အစည်းအဝေးတွင် ပေါ်ဆန်းဆန်ကို ပြည်ပသို့ တင်ပို့ရန် နိုင်ငံတော်အကြီးအကဲမှ လမ်းညွှန်ထားရှိပြီး ဈေးကွက်မှာ အရေးကြီးကြောင်း တည်တည်ငြိမ်ငြိမ်နှင့် ရည်ညွှန်းဈေးအတိုင်းဝယ်ယူဖို့လိုကြောင်း ဧရာဝတီမှ ၁လလျှင် အိတ်ရေ ၁၅၀၀၀ရောင်းချရန်နှင့် ရွှေဘိုမှ အိတ်ရေ ၅၀၀၀ ရောင်းရန် MITS မှ ပေါ်ဆန်းဆန်ကျွမ်းကျင်သူများနှင့် စာချုပ်ချုပ်ဆိုဝယ်ယူမှာဖြစ်ကြောင်း ဆွေးနွေးပြောကြားပြီး လာမည့် စပါးရာသီ ကြိုတင် ဝယ်ယူထားဖို့လိုကြောင်း ဆန်သယ်ယူရာတွင် အခက်အခဲရှိပါက ဖြေရှင်းပေးမှာဖြစ်ကြောင်း လုပ်ငန်းရှင်များညီညွှတ်ဖို့လိုကြောင်း လူကြီးတွေရဲ့ လမ်းညွှန်မှုနှင့် လုပ်ရတာဖြစ်ပြီး ဝိုင်းဝန်း ဆောင်ရွက်ဖို့လိုကြောင်း ဆန်စပါးအသင်းချုပ်မှ ဆွေးနွေး ပြောကြားပါသည်၊၊

     ဧရာဝတီမှ ပေါ်ဆန်းဆန်ပို့မှုနှင့် ပတ်သတ်၍ ခရိုင်ဦးစီးမှူးများနှင့် ညှိနှိုင်း၍ တင်ပြပေးမှာဖြစ်ကြောင်း မြို့နယ်များနှင့် ပေါင်းစပ်စာရင်းကောက်ယူ၍ MRF မှ ဝယ်ယူမည့် စာရင်းများအတိုင်းဆွေးနွေး၍ ပြန်လည်တင်ပြပေးသွားမှာဖြစ်ကြောင်း ပြောကြားခဲ့ပါသည်၊၊တက်ရောက်လာသောတိုင်းဦးစီးမှူးများ စက်ပိုင်ကုန်သည်များမှလည်း ဝိုင်းဝန်းဆွေးနွေး အကြံပြုတင်ပြပြီး အစည်းအဝေးကို နေ့လယ်(၁၄:၃၀) နာရီတွင် ရုတ်သိမ်းခဲ့ကြောင်း သိရသည်၊၊

DOCA(ဧရာဝတီ)