
စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အနောက်ပိုင်းခရိုင်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်ခိုင်နှင့် ဝန်ထမ်းများသည် မရမ်းကုန်းမြို့နယ် Terminal 205 ဆိုင်သို့ သွားရောက်၍ PPRT မှသတ်မှတ်ထားသော ဈေးနှုန်းများအတိုင်း ရောင်းချခြင်းရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း၊ ထို သို့ကွင်းဆင်းစစ်ဆေးဆောင်ရွက်ရာတွင် စက်သုံးဆီရောင်းချမှုအခြေအနေ၊ ဆီလက်ကျန်အခြေအနေများ စစ်ဆေးမေးမြန်းဆောင်ရွက်ခဲ့ပြီး ဈေးနှုန်းအဆမတန်မြှင့်တင်ရောင်းချမှုများ မရှိစေရေး အသိပညာပေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)