
တနင်္သာရီတိုင်း၊ မြိတ်ခရိုင်ဦးစီးမှူး (ဦးမျိုးဝင်း)နှင့် ဝန်ထမ်းများသည် ၂၀၂၅ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် အွန်လိုင်းဖြင့်ရောင်းချမည့် မြိတ်မြို့၊ ထားဝယ်စုရပ်၊ စီလမ်းရှိ Top Win ရွှေဆိုင် အား မြေပြင်တွင်လုပ်ငန်းတည်နေရာ၊ လုပ်ငန်းရှင်၏မှတ်ပုံတင်နှင့် ရောင်းချသည့် ကုန်စည်များ သည် Online ဖြင့် လျှောက်ထားသည့် ကုန်စည်များနှင့် မှန်ကန်မှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးရာတွင် လုပ်ငန်းတည်နေရာ မှန်ကန်မှုရှိ/မရှိနှင့် သက်ဆိုင်ရာထောက်ခံချက်များဖြင့် ရောင်းဝယ်မှုရှိ/မရှိ စစ်ဆေးခဲ့ပြီး စားသုံးသူ/သုံးစွဲသူများ ဘေးအန္တရာယ်ကင်းရှင်းစွာ ရောင်းဝယ်ရန်နှင့် ကုန်အညွှန်းအမှတ်အသားဖော်ပြချက်များအကြောင်း အသိပညာပေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (တနင်္သာရီ)