မြောင်းမြခရိုင် ၊ အိမ်မဲမြို့နယ် ဓနဗလဆန်စက် သို့ ကွင်းဆင်းဆောင်ရွက်

Powered by Drupal

   ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်ချက်ဖြင့် ၂.၆.၂၀၂၅ ရက်နေ့ စားသုံးသူ ရေးရာဦးစီးဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာန ကိုယ်စားလှယ်များပါဝင်သော မြေပြင်ကွင်းဆင်းစစ်ဆေးရေးအဖွဲ့ဖြင့် Gasifier အသုံးပြု၍ လည်ပတ် ဆောင်ရွက်လျက်ရှိသော မြောင်းမြခရိုင်၊ အိမ်မဲမြို့နယ် တကောကျေးရွာ ဓနဗလ ဆန်စက်၏ ရေဆိုးသန့်စင်မှုစနစ် ဆောင်ရွက်ထားရှိမှု အခြေအနေများ၊ MyRo တွင် သိုလှောင်ရုံထားရှိမှု ရှိ/မရှိ စစ်ဆေးခြင်း ဆောင်ရွက်ခဲ့ပါသည်၊၊

    အဆိုပါ ဆန်စက် တာဝန်ရှိသူ ဦးသန်းဇော်အား ရေဆိုးသန့်စင်မှုနစ်(ရေဆိုးသန့်စင်ကန် ၊ ရေဆိုးစီးဆင်းသည့်ရေမြောင်း၊ စက်ဖွဲပြာစစ်ထုတ်စုပုံထားရှိမှုများ)နှင့် ပတ်သတ်၍ သတ်မှတ် စံချိန်စံညွှန်းများနှင့်အညီ ဆောင်ရွက်ထားရှိစေရေး သဘာဝပတ်ဝန်းကျင်ထိခိုက်မှုမရှိစေရေး စစ်ဆေး ခဲ့ပြီး လိုအပ်သည်များကို သက်ဆိုင်ရာ ဌာနများအလိုက် ကြီးကြပ်ဆောင်ရွက်ရန် ကွင်းဆင်းမှာကြားခဲ့ပါသည်၊၊

DOCA(ဧရာဝတီ)