
၃၀-၅-၂၀၂၅ ရက်နေ့(၁၃:၃၀)နာရီတွင် မအူပင်မြို့နယ်၊ အင်းမကျေးရွာရှိ၊ ထိုက်စီရေခဲစက်အား ဈေးကွက်မရောက်မှီ ကုန်စည်များအန္တရာယ်ကင်းစေရေး စားသုံးသူများထိခိုက်မှုမရှိစေရေး မိတ်ဖက်အဖွဲ့များနှင့်ပူးပေါင်း၍ကွင်းဆင်းစစ်ဆေးမှုကိုဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မအူပင်ဒုခရိုင်ဦးစီးမှူးဦးအောင်ဇော်ဦးက ထိုက်စီရေခဲစက် ပိုင်ရှင်နှင့်တွေ့ဆုံ၍ ဈေးကွက် မရောက်မှီ ကုန်စည်များ ဘေးအန္တရာယ်ကင်းရှင်ရေးနှင့် ထုတ်ကုန်လုံခြူံစိတ်ချရမှုရှိစေရေးအတွက် ရေခဲထုတ်လုပ်မှု လုပ်ငန်းလည်ပတ်မှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး တစ်နေ့ထုတ်လုပ်နိုင်မှု၊ ရေခဲအသုံးပြုရေ ကုန်ကြမ်း သန့်ရှင်းသော ရေကိုအသုံးပြု ၍ ရောင်းချရန်၊ လုပ်ငန်းရှင်တို့အား ဈေးကွက်မရောက်မှီ “ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း ၍” ဈေးကွက်စောင့်ကြည့်စစ်ဆေးဆောင်ရွက်ခြင်းအကြောင် အသိပညာပေး ဆွေးနွေး၍ စစ်ဆေးခဲ့ကြောင်း သိရသည်။
DOCA(ဧရာဝတီ)