ချေးငွေရယူထားသော ထုတ်ကုန်လုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေး ကွင်းဆင်းစစ်ဆေးဆောင်ရွက်

Powered by Drupal

    ညောင်တုန်းမြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ၏ တာဝန်ပေးအပ်မှုအရ ညောင်တုန်းမြို့နယ် (၈)ဘီလီယံချေးငွေရယူ ထားသော ကုန်ထုတ်လုပ်ငန်း(၃)ခု ၏လုပ်ငန်းဆောင်ရွက်မှု အခြေအနေများ ၊ ဖွံ့ဖြိုးတိုးတက်မှုအခြေအနေများအား မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်စက်မှုကြီးကြပ်အဖွဲ့၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ ပူးပေါင်း၍ ၃၀-၅-၂၀၂၅ ရက်နေ့ နေ့လည် ၁၄၀၀ နာရီအချိန်က ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်ခဲ့ ပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် ညောင်တုန်းမြို့နယ်မှ (၈)ဘီလီယံချေးငွေရယူထားသော ကုန်ထုတ်လုပ်ငန်း(၃)ခုဖြစ် သည့် ဆီစက်လုပ်ငန်း၊ ဆန်စက်လုပ်ငန်းများ၊ အခြားထုတ်ကုန်လုပ်ငန်း စသည့် လုပ်ငန်းများလည်ပတ်နေမှုနှင့်၊ အမှန်တကယ် ကြိတ်ခွဲထုတ်လုပ်မှုများကို စစ်ဆေးခြင်း၊ ဖြန့်ဖြူးရောင်းချမှု ဈေးနှုန်းဈေးကွက်အခြေအနေများကို ဆွေးနွေးခြင်း၊ ကုန်ထုတ် လုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းဆောင်ရွက်မှု အချက်အခဲရှိပါက တင်ပြဆွေးနွေး နိုင်ရေးတို့ကို လုပ်ငန်းရှင်များနှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြောင်း သိရပါသည်။

DOCA(ဧရာဝတီ)