
ယနေ့ စားသုံးသူများ အစားအသောက် မီနှူးအသစ်များ မှာယူစားသောက်နေကြပြီး ကြက်မဲအသား လွှာ ကို အမျိုးမျိုး ပြုလုပ်၍ စားသောက်နေကြောင်း တွေ့ရှိလာရသည်။ ကြက်မဲဆိုသည်မှာ ကြက်တစ်ကောင်လုံးမဲနေသော အိမ်မှာ မွေးမြူသောကြက် လို့သာ လူတိုင်းသိကြသည်။ စားသောက်ဆိုင်များတွင် မှာယူစားသောက်သော ကြက်မဲသည် မည်သို့ ပြုလုပ်ထားကြောင်း ရေရေရာရာ အဖြေ မရှိတာကတော့ ကြက်မဲအသားလွှာတွေဟာ တကယ့် အသားလွှာ ဟုတ်/မဟုတ် ဆိုတာနဲ့ မဟုတ်ခဲ့ရင် ဘာအသားနဲ့ လုပ်ထားတာလဲ ဆိုတာပါပဲ။
ကြက်မဲဆိုတာဟာ တကယ့် ကြက်မဲ မဟုတ်ပါဘူး။ ကြက်မဲအစစ်က အိမ်ကြက်လိုပဲ သေးတယ်။ ဈေးတအား ကြီးပါသည်။ တကောင်လုံးလည်း မဲနေပါတယ်။ အဖြူနေရာ မပါပါဘူး။ ဟော့ပေါ့နဲ့ အကင်ဆိုင်တွေမှာ အစားများတဲ့ ကြက်မဲဟာ တရုတ်ကနေ သွင်းနေတဲ့ ဟော့ဒေါ့တွေလိုမျိုး အသားတွေကို ကြိတ်ပြီး လုပ်တာမျိုးပါ။ အသားထဲမှာတော့ ကြက်သားလည်း အဓိက ပါဝင်နိုင်တယ်လို့ ယူဆရပါတယ်။ အဲ့အသားတွေကိုမှ ရောစပ်ပြီး ကြိတ်ထားတာ ဖြစ်ပါတယ်။
ကြက်မဲမှ မဟုတ်ပါဘူး။ လက်ရှိဆိုင်တွေမှာ နာမည်ကြီးပြီး ရောင်းကောင်းနေတဲ့ ယုန်သားပြား၊ ကြက်ဆင်ပြား၊ ကြက်မဲပြား အကုန်လုံးက တခုမှ အစစ်မဟုတ်ပါဘူး။ ကြက်မဲ အပါအဝင် ဒီလိုအသားတွေကို အိမ်နီးနားချင်း ထိုင်းက ဆိုင်ကြီးတွေမှာဆိုရင် မသုံးပါဘူး။ ဒီလောက်ဆိုရင် မြန်မာတွေ ကြိုက်ကြလွန်းလို့ ပစ္စည်းတောင် ပြတ်သွားတဲ့ ကြက်မဲလွှာအကြောင်း ရိပ်ဖမ်းသံဖမ်း သိကြမယ် ထင်ပါတယ်။ မြန်မာလူမျိုးများ ကျ၊န်း၊မာရေးအတွက် ချင့်ချိန်စားကြဖို့ တင်ပြလိုက်ပါသည်။
DOCA(ဧရာဝတီ)