မုဒုံမြို့တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆို

Powered by Drupal

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဓမ္မာစရိယတန်း ဖြေဆိုခြင်းကို ၂.၆.၂၀၂၅ ရက်နေ့ နေ့လယ် (၁၂)နာရီက မြို့မ(၂)ရပ်ကွက်ရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

     မုဒုံစာဖြေဌာနတွင် ယခုနှစ် ဓမ္မာစရိယ စာမေးပွဲကို (ဓမ္မသင်္ဂဏီပါဠိ+အဋ္ဌကထာ) ဘာသာရပ် ပထမနေ့အား ဝင်ရောက်ဖြေဆိုရန် သံဃာတော် (၈၇) ပါးနှင့် သီလရှင် (၉) ပါး၊ စုစုပေါင်း (၉၆)ပါး စာရင်းပေးသွင်းထားပြီး ပျက်ကွက်သံဃာတော် (၁၄) ပါးရှိကြောင်း သိရသည်။ အဆိုပါ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲကို ဇွန်လ (၂) ရက် နေ့မှ (၆) ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်ပြီး စာမေးပွဲဝင်ရောက် ဖြေဆိုတော်မူကြသည့် သံဃာတော်များနှင့်သီလရှင်များ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်သံဃာ့နာယက အဖွဲ့မှ ကြီးကြပ်ရေး ဆရာတော်ကြီးများနှင့် ကြီးကြပ်ရေးအဖွဲ့ဝင် လူပုဂ္ဂိုလ်များ၊ တာဝန်ရှိသူများက ဆောင်ရွက်ပေးလျက်ရှိသည်။

    ထို့ပြင် မုဒုံမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များက နေ့စဉ် ဆွမ်းကပ်လှူဒါန်းခြင်း၊ အချိုရည်များလှူဒါန်းခြင်း၊ ကျန်းမာရေးစောင့်ရှောက်မှုများ စသည့် လိုအပ်ချက်များကို ပူးပေါင်းကူညီဆောင်ရွက်ပေးကြောင်း သိရသည်။

DOCA (မွန်)