ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆိုင်ကယ် Show Room များတွင် လိုင်စင်မဲ့ မော်တော်ဆိုင်ကယ်များရောင်းချမှု မရှိစေရေး ကွင်းဆင်းစစ်ဆေး

Powered by Drupal

     ၂.၆.၂၀၂၅ ရက်နေ့ နံနက် (၉:၃၀) နာရီအချိန်တွင် မွန်ပြည်နယ်၊ ကျိုက်ထိုခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ကျိုက်ထိုမြို့နယ်တာဝန်ခံသည် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးကံစောလှိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးတင့်လွင်၊ သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပူးပေါင်း၍ ကျိုက်ထိုမြို့နယ်အတွင်းရှိ ဆိုင်ကယ် Show Room များတွင် လိုင်စင်မဲ့မော်တော်ဆိုင်ကယ်များ ရောင်းချမှု မရှိစေရေး ကွင်းဆင်း စစ်ဆေးခဲ့ပါသည်။

    ထိုသို့ စစ်ဆေးရာတွင် ကျိုက်ထိုမြို့နယ်တာဝန်ခံ ဦးဇော်ဦးက စားသုံးသူကာကွယ်ရေး ဥပဒေပါ လုပ်ငန်းရှင်များ လိုက်နာရမည့်တာဝန်များ၊ အာမခံပေးထားသည့်အတိုင်း ဝန်ဆောင်မှုအပြည့်အဝဆောင်ရွက်ပေးရန် အရည်အသွေး၊ စံချိန်စံညွှန်းပြည့်မီမှန်ကန်သော ကုန်စည်များအား ရောင်းချနိုင်ရေး ထုတ်ကုန်လုံခြုံစိတ်ချရမှုဆိုင်ရာ ဖော်ပြချက်များနှင့် ကိုက်ညီသော ကုန်စည်များအား ရောင်းချစေရေး အာမခံပေးထားသည့်ကာလအတွင်း တစ်စုံ တစ်ရာချို့ယွင်း၊ ပျက်စီးထိခိုက်နစ်နာမှုရှိပါက သတ်မှတ်ချက်အတိုင်း အမှန်တကယ် ဆောင်ရွက်ပေးရန်၊ ပြုပြင်ပေးရန်၊ လျော်ကြေးပေးရန်၊ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ ကတိပြုထားသော အာမခံချက်နှင့် ကိုက်ညီမှုမရှိပါက ကတိပြုထားသည့်အတိုင်း တာဝန်ယူဆောင်ရွက်ပေးနိုင်ရေး အသိပညာပေးခြင်းနှင့် ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

DOCA (မွန်)