(ရွှေဆန်းထက်)စားသောက်ကုန်ပစ္စည်းများ Online Sale မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

   စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှစစ်ဆေးရေးအရာရှိ ဒေါ်အေးအေး မော် နှင့် ဝန်ထမ်းများသည် အွန်လိုင်းစနစ်ဖြင့် ရောင်းချခြင်းလုပ်ငန်းများ မှတ်ပုံတင်လက်မှတ် စိစစ်ထုတ်ပေးခြင်း၊မြေပြင်လုပ်ငန်းနှင့်မှတ်ပုံတင်ထားရှိမှု ကိုက်ညီမှု ရှိ/မရှိ၊ လုပ်ငန်းလိပ်စာ မှန်ကန်မှု ရှိ/မရှိကို (၂.၆.၂၀၂၅) ရက်နေ့ ၊ နံနက်(၁၀:၀၀)အချိန်တွင် (ရွှေဆန််းထက်) စားသောက်ကုန်ပစ္စည်းများ Online Sale လုပ်ငန်း အိမ်အမှတ်(၁၄)၊ရာဇဓိရာဇ်လမ်း၊ အမှတ်(၂) ရပ်ကွက်၊ဗိုလ်တထောင်မြို့နယ်သို့ သွားရောက်၍ Online Sale မှတ်ပုံတင်မြေပြင် စစ်ဆေးခြင်း ဆိုင်ရာ အချက်အလက်များ ကိုက်ညီမှု ရှိ/မရှိ ကို စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

   ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ်ပေး ရန်နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည် ဝန်ဆောင်မှုအဖြစ် သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း ၊ e-Commerce Registration စနစ်မှတစ်ဆင့် လျှောက်ထား လာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းမျာ၏ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာတာဝန်ရှိသူများက အချက်အလက် မှန်ကန်မှု ရှိ/မရှိ မြေပြင် ကွင်းဆင်းစစ်ဆေးပြီးမှသာ Online Sale လုပ်ငန်း မှတ်ပုံတင် လက်မှတ်များ ထုတ်ပေး သွားမှာ ဖြစ်ကြောင်းပြောကြားခဲ့ပြီး၊ လုပ်ငန်းသည် စားသောက်ကုန် လုပ်ငန်းဖြစ်သည့်အတွက် စားသုံးသူ ကာကွယ်ရေးဥပဒေပါ အခန်း ၁၁၊ ပုဒ်မ ၂၃ ပါ စီးပွားရေး လုပ်ငန်းရှင်၏ အာမခံချက်များပါ အချက်အလက်များကိုလည်းကောင်း စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ရှိ ကုန်အညွှန်း အမှတ်အသားဖော်ပြခြင်းနှင့်ပတ်သတ်၍ အသိပေး ပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)