အကျိုးဆောင်လုပ်ငန်း မှတ်ပုံတင် မြေပြင်စစ်ဆေးခြင်း

Powered by Drupal

     စားသုံးသူရေးရာဦးစီးဌာန၊ ရန်ကုန်အရှေ့ပိုင်းခရိုင်ရုံးမှ စစ်ဆေးရေးအရာရှိ ဦးသိန်းထွန်း နှင့် ဝန်ထမ်းများသည် (၃.၆.၂၀၂၅) ရက်နေ့ ၊နေ့လယ်(၁၃:၀၀)အချိန်တွင်(Ngwe Nann Real Estate Co,Ltd)   အကျိုးဆောင်လုပ်ငန်း အိမ်အမှတ်(၀၀၃) ၊ တိုက်(၂၂)၊ (၉၄)ရပ်ကွက် ဒဂုံဆိပ်ကမ်းမြို့နယ်သို့ သွား ရောက်၍  စစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။

     ကွင်းဆင်းစစ်ဆေးရာတွင် စစ်ဆေးရေးအရာရှိက လုပ်ငန်းရှင်များကို ဆွေးနွေးရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ စားသုံးသူများကို အကာအကွယ် ပေး ရန် နှင့် e-Commerce လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် အွန်လိုင်းစနစ်နဲ့ ရောင်းချခြင်း လုပ်ငန်းများကို အရေးကြီးကုန်စည်ဝန်ဆောင်မှုအဖြစ်သတ်မှတ်ပြီး လုပ်ငန်းမှတ်ပုံတင် လက်မှတ်များကို ခွင့်ပြုထုတ်ပေးလျက်ရှိကြောင်း၊ e-Commerce Registration စနစ်မှ တစ်ဆင့် လျှောက်ထားလာသော အွန်လိုင်းစနစ်နဲ့ရောင်းချခြင်းလုပ်ငန်းများရဲ့ လျှောက်လွှာများနှင့် သက်တမ်းတိုးသော လျှောက်လွှာများကို သက်ဆိုင်ရာ တာဝန်ရှိသူများက အချက်အလက်များ မှန်ကန်မှု ရှိ၊ မရှိ မြေပြင်ကွင်းဆင်း စစ်ဆေးပြီးမှသာ Online Sales လုပ်ငန်းမှတ်ပုံတင် လက်မှတ်များထုတ်ပေးသွားမှာဖြစ်ကြောင်းနှင့် စားသုံးသူကာကွယ်ရေးဥပ‌ဒေပါ အခန်း(၁၇)ရှိ ကုန်စည် သို့မဟုတ် ဝန်ဆောင်မှုအပေါ် တာဝန်ရှိမှု နှင့်ပတ်သက်၍  အသိပေးပြောကြားခဲ့ ကြောင်း သိရှိရပါသည်။

DOCA(ရန်ကုန်)