ပြည်ခရိုင်အတွင်းအစားအသောက် ရောင်းချသည့် ဝန်ဆောင်မှုများအား စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိ

Powered by Drupal

      စားသုံးသူများ အသုံးပြုလျက်ရှိသည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ် ကင်းရှင်းစေရေးအတွက် စားသုံးသူရေးရာဦးစီးမှူးရုံး၏ လမ်းညွှန်ချက်များအရ အစားအသောက် ပြုပြင်ရောင်းချသည့် နေရာများ မသန့်ရှင်းခြင်း၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများ၊ ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းခြင်း၊ အစားအသောက်များ သန့်ရှင်းလတ်ဆက်မှုမရှိခြင်းစသည့် အကြောင်းအရင်းများကြောင့် ဖြစ်ပေါ်သည့် ကျန်းမာရေး ပြဿနာများမှ စားသုံးသူအား ကာကွယ်ရန်၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှပေးအပ်သည့်ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များ ကိုအသိပေးဖော်ပြစေခြင်းဖြင့် စားသုံးသူအခွင့်အရေးရရှိစေရန်နှင့် ရောင်းချသည့် စားသောက် ဖွယ်ရာများ၏ အမျိုးအစား၊အရွယ်အစား၊ပမာဏအလိုက် ဈေးနှုန်းအားပွင့်လင်းမြင်သာစွာ ကြိုတင် အသိပေး‌ဖော်ပြထားခြင်းဖြင့် စားသုံးသူတို့၏ အခွင့်အရေးကို ကာကွယ်ရန် ရည်ရွယ်၍ ၂၀၂၅ခုနှစ် မေလအတွင်း အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများ ဈေးကွက်စောင့်ကြည့် စစ်ဆေးရန်  အကြောင်းကြားမှုအပေါ် ဆောင်ရွက်လျက်ရှိရာ ပြည်ခရိုင်အတွင်းပြည်မြို့နယ်တွင် ခေတ္တရာမြို့သစ်ရပ်ကွက်၊ (၅)လမ်းထိပ်ရှိ "ရွှေကံကော်"စားသောက်ဆိုင်၊ ရွှေတောင် မြို့နယ်တွင် ကြာနီကန်ရပ်ကွက်၊ရန်ကုန်-ပြည်လမ်းရှိ “ရွှေဝတ်မှုန်”မြန်မာထမင်းဆိုင်၊ ပန်းတောင်း မြို့နယ်တွင် မကျီးထုံးကျေးရွာရှိ "Gray House"စားသောက်ဆိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် အမှတ်(၄)ရပ်ကွက်ရှိ ပြည်-တောင်ငူလမ်းပေါ်ရှိ "ဖြိုး"လက်ဖက်ရည်နှင့်စားဖွယ်စုံ ဆိုင်များသို့ သက်ဆိုင်ရာမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် မိမိတို့ခရိုင်/မြို့နယ်များရှိ မိတ်ဖက်ဌာနဆိုင်ရာများဖြစ်သော ခရိုင်FDAဌာန၊မြို့နယ်ထွေ/အုပ်၊ မြိုနယ်ပြည်သူ့ကျန်းမာရေး၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များနှင့် ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့ဆောင်ရွက်ရာတွင် ‌အစားအသောက်ပြုပြင်ရောင်းချသည့်နေရာများ သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်ကိုင်တွယ်ချက်ပြုတ်သူများနှင့် ဝန်ဆောင်မှုပေးသူများ၏ တစ်ကိုယ်ရည်သန့်ရှင်းမှု ရှိ/မရှိ၊ အစားအသောက်များ သန့်ရှင်းလတ်ဆက်မှုရှိ/မရှိ၊ စားသောက်ဆိုင်များသည် မိမိတို့ဆိုင်များမှ ပေးအပ်သည့် ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ စားသုံးသူများအား လုံလောက်သည့် သတင်းအချက်အလက်များကို အသိပေးဖော်ပြခြင်း ရှိ/မရှိနှင့် ရောင်းချသည့် စားသောက်ဖွယ်ရာများ၏ အမျိုးအစား၊အရွယ်အစား(size)ပမာဏအလိုက် ဈေးနှုန်းအား ပွင့်လင်းမြင်သာစွာ ကြိုတင်ဖော်ပြထားခြင်းရှိ/မရှိ ၊ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာ သန့်ရှင်းလတ်ဆက်မှုရှိခြင်း၊ ဝန်ဆောင်မှုနှင့် စပ်လျဉ်း၍ သီးခြားရယူထားမှုမရှိခြင်းနှင့် ဈေးနှုန်းများ ဖော်ပြထားသည့် Menuစာရွက်များကို စားပွဲများတွင် တင်ထားသည်ကို စစ်ဆေးတွေ့ရှိခဲ့ပါကြောင်းနှင့် အစားအသောက်ရောင်းချသည့် ဝန်ဆောင်မှုလုပ်ငန်းများအနေဖြင့် စားသုံးသူများအား ဝန်ဆောင်မှုပေးရာတွင် စားသုံးသူစိတ်ကျေနပ်မှုရှိစေရေး၊ စားသုံးသူဘေးအန္တရာယ် ကင်းရှင်းစွာ စားသောက်နိုင်ရေး၊ စားသုံးသူနစ်နာ ဆုံးရှုံးမှု မဖြစ်စေရေးတို့ကို ဦးစားပေး ဆောင်ရွက်ရန် အသိပညာပေးဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA(ပဲခူး)