
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဦးမျိုးဝင်းမှ ဦးဆောင်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ဗဟိုစာရင်းအဖွဲ့နှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့ဝင်တို့ဖြင့် ၂၀၂၅ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် Super market အပါအဝင် မြိတ်မြို့ပေါ်ရှိ ကုန်စုံဆိုင်များသို့သွားရောက်၍ Sprite အချိုရည် နှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးခြင်းများပြု လုပ်ခဲ့ကြောင်း သတင်းရရှိပါသည်။
အဆိုပါ Sprite အချိုရည် ကို Coca-Cola Pinya Beverages Myanmar (CCPBM) ကုမ္ပဏီမှ ၂၀၁၃ ခုနှစ်မှစတင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက် နှင့်အညီ ကာဗွန်နိတ် အချိုရည်၊ နို့ထွက်ပစ္စည်းအချိုရည်များ၊ အားဖြည့်အချိုရည်များနှင့် သောက်ရေသန့်များကို အမှတ် တံဆိပ် (၈) မျိုးဖြင့် ထုတ်လုပ်ရောင်းချလျက် ရှိနေပြီး Sprite PET ပလပ်စတစ်ဘူးများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် အစိမ်းရောင်မှ အကြည်ရောင်ဘူးများသို့ ပြောင်းလဲခဲ့ခြင်းဖြစ်ရာ ယခုအခါ ရန်ကုန်ဈေးကွက်အတွင်း အစိမ်းရောင်ပလပ်စတစ်ဘူးများကို ထိုင်းဘာသာစကားဖြင့်ဖော်ပြ၍ Sprite အချိုရည်အတုများ ထွက်ရှိနေသဖြင့် ကွင်းဆင်းစစ်ဆေး ခဲ့ကြောင်းသိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးချက်အရ မြိတ်ခရိုင်အတွင်း အစိမ်းရောင်ပလပ်စတစ်ဘူးဖြင့် ထုတ်လုပ် ထားသော Sprite အချိုရည်အတုများမရှိကြောင်း သိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနအနေ ဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ထုတ်ကုန်များ ရောင်းချရန်နှင့် ဘေးအန္တရာယ် ကင်းရှင်းရေးအတွက်ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သတင်းရရှိပါသည်။
DOCA(တနင်္သာရီ)