ပခုက္ကူနှင့် ဂန့်ဂေါခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မေလအတွင်း လုပ်ငန်းရှင်များနှင့်တွေ့ဆုံခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

    စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊  စီးပွား ရေး လုပ်ငန်းရှင်များအနေဖြင့် ဥပဒေပြဌာန်းချက်ပါကုန်အညွှန်းအမှတ်အသားပြည့်စုံစွာထည့်သွင်း ဖော်ပြလာခြင်းဖြင့် စားသုံးသူများ ဘေးအန္တရာယ်များကင်းရှင်းပြီး ဈေးကွက်များပိုမို ရရှိစေရန် ရည်ရွယ်၍ လုပ်ငန်းရှင်တွေ့ဆုံခြင်းများကို စဉ်ဆက်မပြတ် ကွင်းဆင်းအသိပညာပေးလျက်ရှိပါသည်။

    ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၅ခုနှစ်၊ မေလအတွင်း စားသုံးသူရေးရာဌာနခွဲ တာဝန်ခံ၊ ပခုက္ကူမြို့နယ် တာဝန်ခံနှင့် ဝန်ထမ်းများသည် ပခုက္ကူမြို့ အမှတ်(၃)ရပ်ကွက်ရှိ မြေပဲ ဆားလှော်၊ မြေပဲဆုံဆီ၊ ကုလားပဲချောင်းကြော်၊ ဇီး/မန်ကျည်းဖျော်ရည် လုပ်ငန်းရှင်များထံသို့လည်းကောင်း၊ ဆိပ်ဖြူမြို့၊ မြို့နယ် တာဝန်ခံအနေဖြင့် ဆိပ်ဖြူမြို့အဝင်နှင့် အနောက်ပိုင်းရပ်ကွက်ရှိ စားသုံးဆီ၊ အလယ်ပိုင်းရပ်ကွက်ရှိ ပဲပွကြော်၊ ပတ္တမြားဈေးနှင့် အနောက်ပိုင်းရပ်ကွက်ရှိ စတိုးဆိုင် ရောင်းချသည့် လုပ်ငန်းရှင်များထံသို့လည်းကောင်း၊ ဂန့်ဂေါခရိုင်၊ မြို့နယ်တာဝန်ခံအနေဖြင့် မြောက်ကုန်းရပ်ကွက်ရှိ အာလူးကြော် လုပ်ငန်းရှင်ထံသို့လည်းကောင်း သွားရောက်၍ အသိပညာပေးခြင်း စုစုပေါင်း (၈)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)