ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ၂၀၂၅ ခုနှစ်၊ မေလအတွင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း ဆောင်ရွက်နိုင်မှုအခြေအနေ

Powered by Drupal

   စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မကွေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ပခုက္ကူခရိုင်ဦးစီးမှူးရုံးမှ ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် စားသုံးသူများ စားသုံးသူကာကွယ်ရေးဥပဒေအား သိရှိလိုက်နာစေရေး၊ အခွင့်အရေးနှင့်တာဝန်များအား သိရှိပြီး ဘေးအန္တာရာယ်ကင်းရှင်းစေရေး၊ အရည်အသွေးပြည့်မီသော ကုန်စည်နှင့် ဝန်ဆောင်မှုများ ရယူသုံးစွဲနိုင်စေရန် ရည်ရွယ်၍ စဉ်ဆက်မပြတ် အသိပညာပေး ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

    ပခုက္ကူခရိုင်အနေဖြင့် ၂၀၂၅ခုနှစ်၊ မေလအတွင်း ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ဒုတိယခရိုင် ဦးစီးမှူး၊  စားသုံးသူရေးရာဌာနခွဲတာဝန်ခံ၊ ပခုက္ကူမြို့နယ်တာဝန်ခံ နှင့် ဝန်ထမ်းများသည် ပခုက္ကူခရိုင်ဦးစီးမှူးရုံး၌ မိဘပြည်သူများအားလည်းကြောင်း၊ သူနာပြုနှင့်သားဖွားသင်တန်းကျောင်း၌ ဆရာမနှင့် သင်တန်းသား/သင်တန်းသူများအားလည်းကောင်း၊ ရက်ကန်းနှင့် အသက်မွေးပညာ သင်တန်းကျောင်း၌ ဆရာ/ ဆရာမနှင့် သင်တန်းသား/သင်တန်းသူများအားလည်းကောင်း၊ ဆိပ်ဖြူမြို့နယ် တာဝန်ခံမှ  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပြန်ဆက်ဦးစီးမှူးနှင့် TalkShow အားလည်းကောင်း၊ စည်ပင်သာယာရေးအဖွဲ့ရုံး၌ ဝန်ထမ်းများအားလည်းကောင်း စားသုံးသူကာကွယ်ရေး အသိပညာပေးခြင်း စုစုပေါင်း(၅)ကြိမ် ဆောင်ရွက်ခဲ့ကြောင်း သိရှိရပါသည်။

DOCA(မကွေး)