ထားဝယ်အထူးစီးပွားရေးဇုန်စီမံခန့်ခွဲမှုကော်မတီ MC+OSSC (၃/၂၀၂၅-၂၀၂၆) အစည်းအဝေး သို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Zoom Meetingဖြင့်တက်ရောက်

Powered by Drupal

      ၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့၊ နံနက်(၁၀:၃၀)အချိန်တွင် ထားဝယ်အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှုကော်မတီ MC+OSSC (၃/၂၀၂၅-၂၀၂၆)အစည်းအဝေးသို့ တနင်္သာရီတိုင်းဒေသကြီးဦးစီးမှူးမှ Online Virtual ဖြင့် တက်ရောက်ခဲ့ပါသည်။

     အဆိုပါအစည်းအဝေး၌ ထားဝယ်အထူးစီးပွား‌ရေးဇုန် ဥက္ကဋ္ဌမှ အဖွင့်အမှာစကား ပြောကြားခြင်း၊ ဒုတိယဥက္ကဋ္ဌမှ ရှင်းလင်းတင်ပြခြင်း၊ အတွင်း‌ရေးမှူးမှ (၂/၂၀၂၅-၂၀၂၆) အစည်းအဝေးဆုံးဖြတ် ချက်များအား အတည်ပြုချက်ရယူခြင်းနှင့် (၃/၂၀၂၅-၂၀၂၆) အစည်းအဝေးဆုံးဖြတ်ချက်များအား မှတ်တမ်းတင်ခြင်းများကို ဆောင်ရွက်ခဲ့ကြပြီး MC + OSSC အဖွဲ့ဝင်များမှလည်း အသီးသီးတင်ပြ ဆွေးနွေးခဲ့ကာ ဥက္ကဋ္ဌမှ နိဂုံးချုပ်အမှာစကားပြောကြား၍ အစည်းအဝေးအား နေ့လယ်(၁၂း၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(တနင်္သာရီ)