
မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စားအုန်းဆီရောင်းချသူ လုပ်ငန်းရှင်များ ဆီရောင်းချနေမှုအား သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှီ/ မရှိနှင့် သတ်မှတ်ရည်ညွှန်းဈေးများကို ဗီနိုင်ချိန်ဆွဲဖော်ပြ၍ ရောင်းချခြင်းရှိမရှိကို ၃-၆-၂၀၂၅ ရက်နေ့ နံနက် (၁၀း၀၀) နာရီအချိန်တွင် စားသုံးသူရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေး အဖွဲ့တို့နှင့်အတူ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် ဓနုဖြူမြို့နယ် ဦးစီးမှူး ဦးဝင်းမင်းစိုးက ဓနုဖြူမြို့တွင် ရောင်းချနေသော (၄)ရပ်ကွက်ရှိ ဦးတင်ကိုကို (ငွေမိုး)ကုန်စုံဆိုင်၊ ၅ရပ်ကွက်ရှိ ဦးမျိုးချစ် (ဦးမောင်မြ)ကုန်စုံဆိုင်)၊ ၅ရပ်ကွက်ရှိ ဒေါ်နှင်းယုဟန် (ဦးဟန်တုံ)ကုန်စုံဆိုင်၊ ၆ရပ်ကွက်ရှိ ဦးမင်းသူ၊ (ဒေါ်အေး)ကုန်စုံဆိုင်၊ ၅ရပ်ကွက်ရှိ ဒေါ်ယဉ်ယဉ်ဦး (တိုင်းချစ်မောင်)ကုန်စုံဆိုင် (၅)ဆိုင်တို့အား ကွင်းဆင်းစစ်ဆေးခဲ့ရာ သတ်မှတ်ရည်ညွှန်းဖော်ပြပြီး ရောင်းချသော ဆီပီသာများကို ဗီနိုင်ချိတ်ဆွဲ၍ ဖော်ပြရောင်းချကြောင်းတွေ့ရှိရပြီး သတ်မှတ်များနှင့်အညီ ရောင်းချနေကြောင်း စစ်ဆေးတွေ့ရှိရပြီး စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည်တာဝန်များအကြောင်းကို အသိပေးပြောကြာ’ပြီး အရေးကြီးကုန်စာ်ဝန်ဆောင်မှု ဥပဒေများအကြောင်းကိုပါရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA(ဧရာဝတီ)