
၅.၆.၂၀၂၅ရက်နေ့၊ နံနက်(၀၈း၀၀)နာရီ အချိန်တွင် တိုင်းဒေသကြီးအစိုးရမှ ကြီးမှူး၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အခမ်းအနားအား တနင်္သာရီတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူးမှ တက်ရောက်ခဲ့ပါသည်။
ထိုအခမ်းအနားတွင် တနင်္သာရီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ အဖွင့်အမှာစကား ပြောကြားပြီး ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူး၏၂၀၂၅ခုနှစ်၊ ကမ္ဘာတစ်ဝန်း ပလပ်စတစ်ညစ်ညမ်းမှုအဆုံးသတ်ရေး စုပေါင်းအားဖြင့်ဆောင်ရွက်ပေး “Ending plastic Pollution Globally” ဆောင်ပုဒ်ဖြင့် ၂၀၂၅ခုနှစ် ကမ္ဘပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ဆောင်ရွက်မှုများအား Video Clip ဖြင့် ပြသပြီး တနင်္သာရီတိုင်းဒေသကြီး သတင်း၊ ဆောင်းပါး၊ ကာတွန်းဆုရရှိသူများအား တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်မှ ဆုများပေးအပ်ခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးကာ အခမ်းအနားအား နံနက်(၀၉း၀၀)နာရီအချိန်တွင် ရုပ်သိမ်းခဲ့ကြောင်းသိရှိရပါသည်။
DOCA(တနင်္သာရီ)