ညောင်ဦးမြို့တွင် Talk Show ဆောင်ရွက်

Powered by Drupal

      ညောင်ဦးမြို့နယ်၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်တာဝန်ခံ ဦးတင်မျိုးခိုင် (ဦးစီးအရာရှိ)သည် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်ပူးပေါင်း၍ စားသုံးသူ၏ကာကွယ်ပေးရေး အသိပညာပေးဆွေးနွေးပွဲ(Talk Show) အား ၂၀.၅.၂၀၂၅ ရက်နေ့ နံနက် ၁၀:၃၀ နာရီအချိန်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထု အခြေပြုဗဟိုဌာန (Community Center) ခန်းမ၌ ပြုလုပ်ခဲ့ပါသည်။

    အဆိုပါအသိပညာပေးဆွေးနွေးပွဲ(Talk Show)တွင် ခရိုင်တာဝန်ခံမှ စားသုံးသူကာကွယ် ရေးဥပဒေနှင့်ပါတ်သက်၍ စားသုံးသူ၏အခွင့်အရေးနှင့်တာဝန်များ၊ စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်နှင့်တားမြစ်ချက်များ၊ စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်အမျိုးအစားအလိုက် ထည့်သွင်းဖော်ပြရမည့် ကုန်အညွှန်းအမှတ်အသားများအကြောင်း၊ စီးပွားရေးလုပ်ငန်း ရှင်များအနေဖြင့် မိမိတို့ထုတ်လုပ်သော ကုန်စည်များနှင့်ပတ်သက်၍ ကုန်အညွှန်းအမှတ်အသားများအား ဥပဒေပြဌာန်းချက်များနှင့်အညီ ထည့်သွင်းဖော်ပြမှုတွင် မှန်ကန်စွာလုပ်ဆောင်နိုင်ရေးအတွက် မိမိတို့ရုံးဌာနသို့ လာရောက်လျှောက်ထားနိုင်ပြီး ဌာနမှလည်း ကူညီဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ စားသုံးသူများ ကုန်စည်နှင့်ဝန်ဆောင်မှုများကို သုံးစွဲရာတွင် အမှန်တကယ်နစ်နာဆုံးရှုံးမှုများ ဖြစ်ပေါ်လာပါက သက်ဆိုင်ရာဦးစီးမှူးရုံးများသို့ ဆက်သွယ်တိုင်ကြားနိုင်သည့်အခြေအနေများနှင့် စားသုံးသူပြည်သူများ ဆက်သွယ်တိုင်ကြားနိုင်ရန် Call Center ဝန်ဆောင်မှုအားလည်း ဖွင့်လှစ်ထားရှိထားပြီး  Consumer Call Center နံပါတ် 1535 သို့ ရုံးချိန်အတွင်း ခေါ်ဆို၍ ဆက်သွယ်‌မေးမြန်းတိုင်ကြားဆောင်ရွက်နိုင်ပါကြောင်း စသည်ဖြင့် ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။

DOCA(မန္တလေး)