စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဆွေးနွေး

Powered by Drupal

     မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာနမှ စားသုံးသူကာကွယ်ပေးရေး အသိပညာပေး ဟောပြောဆွေးနွေးပွဲကို ၂၉.၅.၂၀၂၅ ရက်နေ့၊ နံနက် ၁၁:၀၀ နာရီအချိန်တွင် စံပြရပ်ကွက်ရှိ စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံရုံး၌ စီးပွားရေးလုပ်ငန်းရှင်များအား အသိပညာပေးဟောပြောဆွေးနွေးခဲ့ကြောင်း သိရသည်။

      အခမ်းအနားတွင် စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်တာဝန်ခံ ဒေါ်မြသန္တာထွန်းက စားသုံးသူကာကွယ်ရေးဆိုင်ရာ ဥပဒေများအကြောင်း၊ စီးပွားရေးလုပ်ငန်းရှင်များ၏ တာဝန်များ၊ တားမြစ်ချက်များနှင့် စားသုံးသူကာကွယ်ရေးဥပဒေအခန်း(၁၈)ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များက ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ်အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့်သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်း ပစ္စည်းအမျိုးအမည်နှင့်ပါဝင်မှုနှုန်းအချိုးအစား၊ ထုတ်လုပ်မှု အမှတ်စဉ်၊ ကျန်းမာရေးဆိုင်ရာဘေး ထွက်ဆိုးကျိုး၊ ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့်ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များ၊ ဥပဒေပါပြဌာန်းချက်များ၊ လုပ်ထုံးလုပ်နည်းအမိန့်ညွှန် ကြားချက်များနှင့်အညီလိုက်နာ ဆောင်ရွက်ကြရန်နှင့် စားသုံးသူများနစ်နာဆုံးရှုံးမှုများဖြစ်လာပါက တိုင်းဒေသကြီး၊ ပြည်နယ်နှင့် ခရိုင်ရုံးများတွင် ဖွင့်လှစ်ထားသော စားသုံးသူသတင်းပြန်ကြားရေးနှင့် တိုင်ကြားမှု လက်ခံ ဆောင်ရွက်ရေးစင်တာ(CICC)ရုံးများတွင် တိုင်ကြားနိုင်သလို၊ အွန်လိုင်းမှလည်း တိုင်ကြားနိုင် ခြင်း၊ Cosumer Call Center ဖုန်းနံပါတ်(1535)သို့လည်း ရုံးချိန်အတွင်း ဆက်သွယ် မေးမြန်းတိုင်ကြား ဆောင်ရွက်နိုင်ပါကြောင်း၊ မိမိတို့စားသုံးသူရေးရာဦးစီးဌာန၏ Wesite မှလည်း ဝင်ရောက်တိုင်ကြားနိုင်ပါကြောင်းနှင့်ဦးစီးဌာနအကြောင်း၊ ဌာန၏လုပ်ငန်းဆောင်ရွက် ချက်များ၊ကုန်သွယ်မှုသတင်းများ၊ကွင်းဆင်းဆောင်ရွက်မှုသတင်းများနှင့်ဥပဒေ အကြောင်းအရာ များကိုလည်း ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်ပါကြောင်း စသည်ဖြင့်အကျယ်တဝင့်အသိပညာပေး ဟောပြောပြီးနောက် တက်ရောက်လာသောလုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းကြရာ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ရှိသူများက ပြန်လည်ဆွေးနွေးခဲ့ကြသည်။ အဆိုပါ အသိပညာပေးဟောပြောဆွေးနွေးပွဲသို့ စီးပွားရေးလုပ်ငန်းရှင် (၅၀) ဦး တက်ရောက်ကြောင်း သိရသည်။

DOCA(မန္တလေး)