
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်တို့ ပူးပေါင်းအကောင် ထည်ဖော်ဆောင်ရွက်လျက်ရှိသည့် မြန်မာဆန်စပါးအွန်လိုင်း ( Myanmar Rice Online – My RO) တွင် မှတ်ပုံတင်ထားခြင်းမရှိသည့်ဆန်ဆိုင် နှင့်ဆန်သိုလှောင်ရုံများသို့ ၂၉.၅.၂၀၂၅ ရက်နေ့ တွင် သွားရောက်၍ ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။
အဆိုပါမန္တလေးတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူးရုံး ရှိ ကွင်းဆင်း စစ်ဆေးရေးအဖွဲ့များမှ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဆန်ဆိုင်နှင့် ဆန်သိုလှောင်ရုံ (၁၄) ခုသို့ သွားရောက်၍ မြန်မာ ဆန်စပါးအွန်လိုင်း( Myanmar Rice Online – My RO) တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများ ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ဆွေးနွေးပြောကြားခဲ့ကြောင်း သိရပါတယ်။
DOCA(မန္တလေး)