လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့်သတင်းရေးသားမှုဆုပေးပွဲကျင်းပခြင်း

Powered by Drupal

          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေး တိုင်းဒေသကြီးဦးစီးမှူးရုံး၊ အစည်းအဝေးခန်းမတွင်   ၂.၆.၂၀၂၅ ရက်နေ့နံနက်(၁၀:၀၀)နာရီ အချိန်၌ လုပ်ငန်းညှိနှိုင်းအစည်း အဝေးနှင့် ဆုပေးပွဲအခမ်းအနားတစ်ရပ်ကျင်းပခဲ့ကြောင်း သိရှိရပါသည်။ အဆိုပါအစည်းအဝေးတွင် မန္တလေးတိုင်းဒေသကြီးအတွင်း  မြို့နယ်အလိုက် စားအုန်းဆီဖြန့်ဖြူး ရောင်းချရာတွင်  အိမ်ထောင်စု အလိုက်ဖြန့်ဖြူး ရောင်းချနိုင်ရေးကိစ္စများ၊ တိုင်းဒေသကြီးအတွင်း ထွက်ရှိသည့် ဆီထွက်သီးနှံများအား ဆီစက်အရေအတွက်အလိုက် အမှန်ကြိတ်ခွဲနိုင်မှု အခြေ အနေ များ၊ ဌာနရှိဝန်ထမ်းများ Talk Show များ ကျင်းပရာတွင် မြန်မာ ဆန်စပါးအွန်လိုင်း( Myanmar  Rice Online – My RO)တွင် မှတ်ပုံတင်ခြင်းလုပ်ငန်းများ  ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ထည့်သွင်း ဆွေးနွေးပေးရန် နှင့်ပြည်ပသို့ တင်ပို့ရန် အလားအလာရှိသော  ကုန်ထုတ်လုပ်ငန်းများ၊ သွင်းကုန်အစားထိုး လုပ်ငန်းများအား ဖော်ထုတ် ဆောင်ရွက်သွားရန် ဆွေးနွေးပြောကြားခဲ့ပါသည်။ ထို့နောက် ၂၀၂၄ ခုနှစ် ဒီဇင် ဘာလမှ ၂၀၂၅ ခုနှစ် မေလကုန်အထိ  စားသုံးသူ ရေးရာဦးစီးဌာန၏  www.doca.gov.mm     တွင် သတင်းရေးသားခြင်း နှင့် website  တွင်ဖော်ပြခဲ့သည့်သတင်းပါဝင်မှု များနှင့်ပတ်သက်၍ ဆုပေးပွဲ ကျင်းပခဲ့ရာ တိုင်းဒေသကြီးဦးစီးမှူး ဦးဇေယျာဆွေမှ မန္တလေးတိုင်း ဒေသကြီးအတွင်း သတင်းပါဝင်မှု အများဆုံးရရှိသည့်တိုင်းဒေသကြီးဦးစီးမှူးရုံးမှ  ပထမဆု၊မြင်းခြံ ခရိုင် ဦးစီးမှူးရုံးမှ  ဒုတိယဆုနှင့် တတိယဆုတို့ကိုလည်းကောင်း၊ သတင်းရေးသားမှုခရိုင်အလိုက် ရာခိုင်နှုန်းဖြင့် ဖော်ပြရာတွင်    ပထမ ဆုရရှိသော  မြင်းခြံခရိုင်ဦးစီးမှူးရုံး၊  ဒုတိယဆုရရှိသော ကျောက်ဆည်ခရိုင် ဦးစီးမှူးရုံးနှင့် တတိယဆုရရှိသော မန္တလေးတိုင်းဒေသကြီးဦးစီးမှူးရုံးတို့မှ လည်းကောင်း အသီးသီးဆုများလက်ခံရရှိခဲ့ပြီး အစည်းအဝေးကို နေ့(၁၂:၀၀)နာရီ အချိန်တွင် ရုတ်သိမ်းခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)