ကြံခင်းမြို့နယ်ဇီးပင်ကွင်းအုပ်စုတွင်မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက်သစ်စိမ်းမြေဩဇာ ထယ်ထိုးထွန်ယက်ခြင်း အခမ်းအနားကျင်းပ

Powered by Drupal

     ၂၀၂၅ ခုနှစ် ဇွန်လ ၂ ရက်နေ့ နံနက်(၈:၀၀)အချိန်တွင် မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ဇီးပင်ကွင်းအုပ်စုတွင် မြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးအတွက် သစ်စိမ်းမြေဩဇာ ထယ်ထိုးမြေမြှပ်ခြင်းကို တောင်သူဦးဝင်းနိုင်၏ လယ်မြေဧရိယာ၌ ကျင်းပပြုလုပ်ရာ မြို့နယ်စိုက်တိုးမြှင့်အဖွဲ့ဝင်များနှင့်အတူ  စားသုံးသူရေးရာဦးစီးဌာန၊  ကြံခင်းမြို့နယ်တာဝန်ခံ၊ မြို့နယ်စိုက်ပျိုးရေးဌာနမှ ဝန်ထမ်းများ တောင်သူများမှ ထိုအခမ်းနား သို့ တက်ရောက်ခဲ့ကြပါသည်။

   အဆိုပါ သစ်စိမ်းမြေဩဇာ ထည့်သွင်းစိုက်ပျိုးခြင်းဖြင့် မြေဆီလွှာဖွံ့ဖြိုးတိုးတက်စေရေး၊ မိုးစပါးအထွက်နှုန်းတိုးတက်လာစေရန်နှင့် ဓါတ်မြေဩဇာသုံးစွဲမှုကို လျော့ချနိုင်ကာ သဘာဝပတ်ဝန်းကျင်ရှိ မြေဆီလွှာ၊ ရေ တို့တွင် ဓါတု အဆိပ်သင့်မှု လျော့နည်းစေ၍ မြေဆီလွှာ၏ ချဉ်ငံဓါတ်ကိုလည်း ထိန်းညှိပေးသည့်အကျိုးကျေးဇူးများစွာရရှိနိုင်ကြောင်း မြို့နယ်စိုက်တိုးမြှင့်အဖွဲ့တာဝန်ရှိသူမှ ရှင်း လင်းဆွေးနွေးခဲ့ပြီး ဒေသခံတောင်သူများ တက်ရောက်ကာ သစ်စိမ်းမြေဩဇာ(ပိုက်ဆံလျှော်) ထည့်သွင်းထွန်ယက်ခြင်းကို  နံနက်(၁၁:၃၀)အချိန်တွင် ပြီးစီးခဲ့ကြောင်း သတင်းရရှိပါသည်။  

DOCA (ဧရာဝတီ)