အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၌ ကျင်းပပြုလုပ်သည့် “လုပ်ငန်းရှင်များ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း” တွင် အသိပညာပေးဟောပြော

Powered by Drupal

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန ရုံးချုပ်၏ ညွှန်ကြားချက်နှင့်အတူ         စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာန ဦးစီးအရာရှိ ဦးဆောင်၍ ဝန်ထမ်းများသည် (၂.၆.၂၀၂၅)ရက်၊ နေ့လယ် (၁)နာရီအချိန်တွင် တိုင်းဒေသကြီး အသေးစားစက်မှု လက်မှုလုပ်ငန်းဉီးစီးဌာနမှဖွင့်လှစ်သည့် “လုပ်ငန်းရှင်များ စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်း”တွင် စားသုံးသူကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပဆောင်ရွက်ခဲ့ရာ လုပ်ငန်းရှင်စုစုပေါင်း (၂၀)ဦး တက်ရောက် ခဲ့ကြောင်း သိရှိရပါသည်။

အဆိုပါ ဟောပြောပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီးစားသုံးသူရေးရာဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်အေးမြင့်ငြိမ်းက စီးပွားရေးနှင့်ကူသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ ဖွဲ့စည်းဆောင်ရွက်မှုများ အကြောင်း၊ ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းဆိုင်ရာ အချက်အလက်များနှင့်စပ်လျဉ်း၍ ကုန်စည် များတွင် မြန်မာဘာသာနှင့်အခြားဘာသာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍တွဲလျက်ဖြစ်စေ ဖော်ပြရာတွင် စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရဆောင်ရွက်ရမည့်အချက်များ၊ ကုန်စည်အုပ်စု အလိုက် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြရမည့် အသေးစိတ်အချက်အလက်များ၊  စားသုံးသူရေးရာဦးစီးဌာနတွင် တိုင်ကြားနိုင်သည့်နည်းလမ်းများ၊ ဌာနမှဖြေရှင်းဆောင်ရွက်နေမှု အခြေအနေများ၊ Online Sale မှတ်ပုံတင်ခြင်းအကြောင်းနှင့်  Consumer Call Center 1535 သို့ ခေါ်ဆိုမေးမြန်းတိုင်ကြားနိုင်ကြောင်းအသိပညာပေးခဲ့ကြောင်း၊  ဆက်လက်၍ လုပ်ငန်းရှင်များအနေဖြင့် ကုန်စည်နှင့်ဝန်ဆောင်မှုများကို အွန်လိုင်းစနစ်အသုံးပြုပြီးရောင်းချမည်ဆိုပါက မဖြစ်မနေအွန်လိုင်း စနစ်ဖြင့် မှတ်ပုံတင်ပြီးမှသာရောင်းချရန်၊ မှတ်ပုံတင်ထားခြင်းမရှိဘဲ ရောင်းချမည်ဆိုပါက အရေးကြီး ကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း၊ တက်ရောက်လာသူများမှ သိလိုသည် များကို ရှင်းလင်းဖြေကြားပြီး အသိပညာပေးလက်ကမ်းစာဆောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သတင်းရရှိ ပါသည်။

Doca(စစ်ကိုင်း)