မြေပဲ၊နှမ်းတို့၏ မြေပြင်လက်ကျန် အခြေအနေနှင့် ဆီကြိတ်ဖတ် ဖြန့်ဖြူးရောင်းချမှုအခြေအနေ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   ၂၀၂၅ ခုနှစ်၊ ဇွန်လ၅ရက်နေ့၊ နံနက်(၁၁:၀၀)နာရီအချိန်တွင် ကယားပြည်နယ်၊ လွိုင်ကော်မြို့ ပေါ်ရှိ ယခုလက်ရှိလည်ပတ်နေသော ဆီစက်များတွင်  မြေပဲ၊ နှမ်းတို့၏ မြေပြင်လက်ကျန်အခြေအနေနှင့်ပတ်သက်၍ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ပါသည်။

    ထိုသို့လည်ပတ်နေသော ဆီစက်များသို့ ကွင်းဆင်းစစ်ဆေးခဲ့ရာ မြေပဲ၊ နှမ်းတို့၏ မြေပြင်လက်ကျန်အခြေအနေမှာ မြေပဲ(၂၅)တန်နှင့် နှမ်းလက်ကျန်မရှိပါကြောင်း၊ ဒေသတွင်း ထွက်ရှိသော မြေပဲများကို ဒေသတွင်းကြိတ်ခွဲလျက်ရှိပြီး မြေပဲဆီ(၁)ပိဿာလျှင် (၂၀၀၀၀)ကျပ်ဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိပါကြောင်း၊ အချို့မြေပဲများကို ရှမ်းပြည်နယ်၊ တောင်ကြီး၊ အေးသာယာမြို့များသို့ တင်ပို့ရောင်းချလျက်ရှိပါကြောင်းနှင့် ယခင်ကြိတ်ခွဲထုတ်လုပ်သော မြေပဲဖတ်များကို ၁ပိဿာလျှင်(၄၃၀၀)ကျပ်ဖြင့်လည်းကောင်း၊ နှမ်းဖတ်များကို ၁ပိဿာလျှင် (၃၀၀၀) ကျပ်ဖြင့် လည်းကောင်း၊ ရှမ်းပြည်နယ်၊ တောင်ကြီး၊ အေးသာယာမြို့များသို့ တင်ပို့ရောင်းချလျက်ရှိကြောင်း ဆီကြိတ်ခွဲရောင်းချသူများထံမှ သိရှိရပါသည်။

DOCA(ကယား)