
စစ်ကိုင်းတိုင်းဒေသကြီး၊ စားသုံးသူရေးရာဦးစီးဌာန၊ ကန့်ဘလူမြို့နယ်တာဝန်ခံရုံးသည်၂၀၂၅ ခုနှစ်၊ ဇွန်လ ၄ ရက်နေ့ နံနက် ၀၉:၃၀ အချိန်တွင် ကန့်ဘလူမြို့နယ်တာဝန်ခံ ဦးမျိုးဝင်းသန်းနှင့် ဒေါ်အိမွန်ကျော် တို့သည် ခရိုင်အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တို့နှင့်ပူးပေါင်း၍ ကန့်ဘလူမြို့၊ “မြို့မဈေးရှိ” ကုန်စုံဆိုင်များတွင် ရောင်းချလျက်ရှိသော စည်သွပ် အစားအစာအမျိုးမျိုးအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ပူးပေါင်စစ်ဆေးရေးအဖွဲ့သည် ဈေးကွက်အတွင်းရောင်းချ နေသည့် စည်သွပ်အစားအစာအမျိုးမျိုးတွင် ကုန်အညွှန်အမှတ်အသားများကို (၂/၂၀၁၉)နှင့်အညီ မြန်မာဘာသာဖြင့် ပြည့်စုံစွာဖော်ပြထားခြင်းရှိ/မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ကြောင်း၊ သက်ဆိုင်ရာဌာနများကလည်း လိုက်နာဆောင်ရွက်ရန်တို့ကို အသီးသီးအသိပေးပြောကြားခဲ့ ကြောင်း၊ ဆက်လက်၍ တာဝန်ခံက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြမထားသည့် ကုန်စည်များနှင့် သက်တမ်းလွန်ကုန်စည်များကို ရောင်းချခြင်းမပြုလုပ်ရန် အသိ ပညာပေးပြောကြားခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Doca(စစ်ကိုင်း)