
စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ ရွှေဘိုခရိုင်အနေဖြင့် ကုန်စည်များတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာထည့်သွင်းဖော်ပြရေး ၊ ထုတ်ကုန်များလုံခြုံ စိတ်ချရမှုရှိစေရေးနှင့် စားသုံးသူများအတွက်လည်း ဘေးအန္တရာယ်ကင်းရှင်းသော ကုန်စည်များကို ဝယ်ယူ ရရှိစေရန် ရည်ရွယ်၍ ဈေးကွက်စောင့်ကြည့် စစ်ဆေးခြင်းများကို လစဉ်ဆောင်ရွက်လျက်ရှိရာ စားသုံးသူ ရေးရာဦးစီးဌာနမှ ဒု-ခရိုင်ဦးစီးမှူးမှ ဦးဆောင်၍ ရွှေဘိုမြို့နယ်တာဝန်ခံ ၊ စားသုံးသူရေးရာဌာနခွဲတာ ဝန်ခံနှင့် ထုတ်ကုန်လုံခြုံစိတ်ချရမှုဌာနခွဲတာဝန်ခံတို့သည် (၄.၆.၂၀၂၅)ရက်နေ့၊ နံနက် (၁၀:၀၀) နာရီအချိန်တွင် အမှတ်(၃)ရပ်ကွက်၊ ရွှေဘိုမြို့ရှိ Y –Mart (ကုန်မျိုးစုံရောင်းဝယ်ရေး) ဆိုင်အား လည်း ကောင်း၊ (၁၀ :၃၀) အချိန်တွင် အမှတ်(၂) ရပ်ကွပ်၊ ရွှေဘိုမြို့ရှိ T&P (Liquor Store ) နှင့် (၁၁ : ၀၀) အချိန်တွင် အမှတ်(၆)ရပ်ကွပ်၊ ရွှေဘိုမြို့ရှိ ကြံတိုင်းအောင်(ကုန်မျိုးစုံရောင်းဝယ်ရေး) ဆိုင်တို့အား ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprite အချိုရည်များ ရောင်းချခြင်းရှိ / မရှိ ဈေးကွက်စောင့်ကြည့်စစ်ဆေးခဲ့ပါသည်။
ထိုသို့စစ်ဆေးသည့်ဆိုင်များတွင် စားသုံးသူကာကွယ်ရေးဥပဒေပါ ကုန်အညွှန်းအမှတ်အသား ပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ထားခြင်းမရှိသည့်အပြင် FDAတွင်မှတ်ပုံတင်ထားခြင်းမရှိသည့် ထိုင်း ဘာသာဖြင့် ဖော်ပြထားသော Spriteအချိုရည်များ ရောင်းချမှုမရှိကြောင်း စစ်ဆေးတွေ့ရှိရသဖြင့် ဒု-ခရိုင်ဦးစီးမှူးက ကုန်စည်ကိုထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသည့် စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် စားသုံးသူကာကွယ်ရေး ဥပဒေပါ ကုန်အညွှန်းအမှတ်အသားပြဌာန်းချက်များနှင့်အညီ ထုတ်လုပ်ထားသည့် ကုန်စည်များကို သာရောင်းချရန်၊ ဥပဒေပါ စီးပွားရေးလုပ်ငန်းရှင်၏တာဝန်များ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်း အကြောင်းများ၊ ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေး ကော်မရှင်၏ ညွှန်ကြားချက်အမှတ် ( ၂/၂၀၁၉ ) ပါအကြောင်းများ၊ စားသုံးသူများသာမက စီးပွားရေးလုပ်ငန်းရှင်များအနေဖြင့် ဌာနမှဆောင်ရွက်နေသောလုပ်ငန်းများကို သိရှိလိုပါက ရုံးဖွင့်ရက် ရုံးချိန်အတွင်း Consumer Call Center No - 1535 သို့ ဆက်သွယ်မေးမြန်းနိုင်သည့်အကြောင်းများနှင့် Spriteအချိုရည်အကြောင်းများ အသိပညာပေးဆွေးနွေးခဲ့ပြီး စားသုံးသူကာကွယ်ရေးအသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြကြောင်း သတင်းရရှိပါသည်။
Doca(စစ်ကိုင်း)