
(၃.၆.၂၀၂၅)ရက်နေ့ နံနက်(၉:၃၀)အချိန်တွင် ကုန်သွယ်ရေးဉီးစီးဌာနနှင့် စားသုံးသူရေးရာဉီးစီးဌာနတို့ပူးပေါင်း၍ J7 Mobile Phone ဆိုင်သို့ ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ ပါသည်။
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် အမှတ်(၈၂)၊ ဘုရင့်နောင်လမ်း၊ ပေါက်တောဝမှတ်တိုင်၊ အင်းစိန်မြို့နယ်ရှိ J7 Mobile Phone ဆိုင်တွင် ရောင်းချနေသည့် Oppo၊ Vivo၊ Huawei၊ Tecno၊ Infinix၊ Realme၊ Honor အမှတ်တံဆိပ်များတွင် ကုန်အညွှန်းအမှတ်အသားများရှိ/မရှိ စစ်ဆေးခဲ့ပြီး မိမိတို့ရောင်းချမည့်ကုန်ပစ္စည်းများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားသော ကုန်စည်များကိုသာ ရောင်းချရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။
DOCA (ရန်ကုန်)