Mobile Phone ရောင်းချသည့်အရောင်းဆိုင်သို့ မြေပြင်ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

    စားသုံးသူရေးရာဉီးစီးဌာန၊ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဝင်း၊ ဉီးစီးမှူးပါ(၃)ဉီး တို့ သည် ကုန်သွယ်ရေးဉီးစီးဌာနမှ ဒေါ်နှင်းသီတာ၊ ဒုဉီးစီးမှူးနှင့် ပူးပေါင်း၍ (၃.၆.၂၀၂၅)ရက်နေ့ နံနက်(၁၁:၄၅)အချိန်တွင် ရွှေပြည်သာမြို့နယ်ရှိ Shwe Mahar ဖုန်းဆိုင်သို့ ကုန်အညွှန်း အမှတ်အသား ဖော်ပြခြင်းဆိုင်ရာနှင့်ပတ်သက်၍ မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ပါသည်။

    ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဒေါ်နီလာဝင်း၊ ဉီးစီးမှူးက Shwe Mahar ဖုန်းဆိုင်တွင် ရောင်းချနေသည့်အမှတ်တံဆိပ် Redmi၊ Oppo၊ Samsung၊ Tecno၊ Infinix၊ Realme လက်ကိုင်ဖုန်း အမျိုးမျိုးအား လက်ကျန်အရေအတွက် မေးမြန်းခဲ့ပြီး ကုန်စည်ပေါ်တွင် ကုန်အညွှန်းအမှတ်အသား များ ပြည့်စုံစွာဖော်ပြပေးရန် အသိပညာပေးဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။

 DOCA (ရန်ကုန်)