ပိတောက်မြိုင်ဈေးအတွင်း Sprite အချိုရည်အား ကွင်းဆင်းစစ်ဆေးခြင်း

Powered by Drupal

   (၂.၆.၂၀၂၅)ရက်နေ့ နေ့လည်(၁၂:၀၀)အချိန်မှစ၍ မြောက်ပိုင်းခရိုင်ဉီးစီးမှူးရုံးမှ ဒေါ်နီလာဉီး၊ ဉီးစီးမှူးပါ (၃)ဉီးတို့သည် လှိုင်သာယာ(အရှေ့ပိုင်း)မြို့နယ်ရှိ ပိတောက်မြိုင်ဈေး တွင် Sprite အချိုရည် အား ဈေးကွက်အတွင်း တုပရောင်းချခြင်းရှိ/မရှိ ကွင်းဆင်း စစ်ဆေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပါ သည်။

   ထိုသို့ဆောင်ရွက်ခဲ့ရာတွင် ပိတောက်မြိုင်ဈေးရှိ ဈေးတာဝန်ခံမှပူးပေါင်း၍ အောင်ကမ္ဘာ့ မုန့်ဆိုင်တွင် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြထားသော အစိမ်းရောင် Sprite ဗူးဈေးကွက်အတွင်း မတွေ့ရှိရဘဲ အဖြူရောင် Sprite ဗူးများတွင် ကုန်အညွှန်းအမှတ်အသားများ ပြည့်စုံစွာဖော်ပြထားပြီး အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဉီးစီးဌာန၏ ထောက်ခံချက်များ ပါရှိကြောင်း စစ်ဆေးတွေ့ရှိရပြီး မိမိတို့ဌာနမှလည်း ရောင်းချသူများအား ကုန်အညွှန်း အမှတ်အသား မပြည့်စုံသော ထောက်ခံချက်မရှိသော ကုန်ပစ္စည်းများကို မရောင်းချရန်နှင့် စီးပွားရေးလုပ်ငန်းရှင်၏ တာဝန်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း သိရှိရပါသည်။

DOCA (ရန်ကုန်)