
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့၊ နံနက် ၀၈:၀၀ နာရီအချိန်တွင် မြို့မစည်ပင်သာယာဈေးတွင်းရှိ အချိုရည်ဆိုင်များနှင့် ကမ္ပဝတီရပ်ကွက်ရှိ ရွှေဈေးတို့၌ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ပူးပေါင်း၍ ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ် အသားဖော်ပြထားသည့် Sprite အမှတ်တံဆိပ် အချိုရည်ဘူးများ ရောင်းချခြင်းရှိ/မရှိနှင့် အဆိုပါ Sprite အချိုရည်ဘူးများသည် အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန(FDA)တွင် မှတ်ပုံတင်ထားခြင်းရှိ/မရှိနှင့် မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားခြင်းရှိ/မရှိတို့ကို စစ်ဆေးခဲ့ကြပြီးနောက် ၎င်းစီးပွားရေးလုပ်ငန်းရှင်များအား ရောင်းချလျက်ရှိသော ကုန်စည်များကို စားသုံးသူကာကွယ် ဥပဒေပါ အခန်း(၁၈) ကုန်အညွှန်းအမှတ်အသားဖော်ပြခြင်းနှင့် စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များ လိုက်နာရမည့် ကုန်စည်အမျိုးအစားအလိုက် ကုန်စည်၏တံဆိပ် အမှတ်အသား၊ အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်နှင့်အသားတင်ပမာဏ၊ ထားသိုသိမ်းဆည်းမှုအညွှန်း၊ သုံးစွဲပုံနည်းလမ်း၊ ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့်ပါဝင် မှုနှုန်းအချိုးအစား၊ ထုတ်လုပ်သည့်အမှတ်စဉ်၊ ကျန်းမာရေး ဆိုင်ရာဘေးထွက်ဆိုးကျိုး(သို့မဟုတ်) ဓာတ်မတည့်ကြောင်းဖော်ပြချက်နှင့် ကြိုတင်သတိပေးချက်၊ သက်ဆိုင်ရာဌာနများမှ ဖော်ပြရန်သတ်မှတ်ထားသောအချက်များနှင့်ု ကိုက်ညီမှုရှိသော ကုန်စည်များကိုသာ ဆက်လက်ရောင်းချရန်၊ စီးပွားရေးလုပ်ငန်းရှင်များ၏တာဝန်များ၊ တားမြစ် ချက်များအားလိုက်နာကြရန်နှင့် ကုန်စည်များနှင့်စပ်လျဉ်း၍ အာမခံချက်၊ သတ်မှတ်ချက်နှင့် ပြည့်စုံမှန်ကန်သော သတင်းအချက်အလက်များကို အချိန်နှင့် တပြေးညီ ထုတ်ပြန်စေရေး၊ ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များအညီ ရောင်းချကြရန် ဆွေးနွေးမှာကြားခဲ့ပြီးနောက် နံနက်(၁၀:၀၀)နာရီ တွင် ကွင်းဆင်းဆောင်ရွက်မှု ပြီးစီးကြောင်း သိရသည်။
DOCA(မန္တလေး)