
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ခရိုင်အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊မြို့နယ်စားသုံးသူရေးရာဦးစီးဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့ ပူးပေါင်း၍ မြို့ပေါ်ရှိ ဆေးဆိုင်များသို့ ၂၀၂၅ ခုနှစ်၊ ဇွန်လ(၄)ရက်နေ့၊ နံနက် ၀၉:၀၀ နာရီအချိန်တွင် ဈေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြပါသည်။
အဆိုပါ ဈေးကွက်စောင့်ကြည့်စစ်ဆေးရေးအဖွဲ့သည် ကျောက်ပန်းတောင်းမြို့ပေါ်ရှိ ဆေးအရောင်းဆိုင်များသို့ မြေပြင်ကွင်းဆင်း၍ စံမညီဆေးဝါးများ မြန်မာနိုင်ငံဆေးဝါး ထောက်ခံချက်အမှတ်မပါရှိသော ဆေးဝါးများ၊ သက်တမ်းလွန်ဆေးဝါးများ ရောင်းချမှုမရှိစေရေး ဆေးဝါးများအား သတ်မှတ်ချက်များ၊ ညွှန်ကြားချက်များနှင့်အညီ ထားသိုသိမ်းဆည်းမှုမှန်ကန်စေရေး၊ ဆရာဝန် ညွှန်ကြားချက်မလိုသော ဆေးဝါးများအား သက်ဆိုင်ရာဌာနများ၏ သတ်မှတ်ချက်ဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့် အညီရောင်းချမှုရှိစေရေး၊ အခန်းအပူချိန်နှင့် တပြေးညီထုတ်ပြန်စေရေး၊ ဆေးဝါးများကို ခွဲခြမ်းထုပ်ပိုးရောင်းချမည်ဆိုပါက သက်ဆိုင်ရာဌာနများ၏ သတ်မှတ်လမ်းညွှန်ချက် များနှင့်အညီ ထုပ်ပိုးရောင်းချမှုရှိစေရေး စသည်တို့ကို စစ်ဆေးခဲ့ကြပြီး စားသုံးသူကာကွယ်ရေး ဥပဒေပါ အခန်း(၁၈)ကုန်အညွှန်းဖော်ပြခြင်းနှင့်စပ်လျဉ်း၍ စီးပွားရေးလုပ်ငန်းရှင်များက ကုန်စည်၏တံဆိပ်အမှတ်အသား၊အမျိုးအမည်၊ အရွယ်အစား၊ အရေအတွက်၊ အသားတင်ပမာဏ၊ သုံးစွဲပုံနည်းလမ်း၊ ဘေးထွက်ဆိုးကျိုး၊ ထားသိုသိမ်းဆည်းပုံအညွှန်း၊ ကြိုတင်သတိပေးချက်တို့ကို မြန်မာဘာသာနှင့် တွဲဖက်ဖော်ပြရမည်ဖြစ်သလို ထုတ်လုပ်သည့်ရက်စွဲနှင့် သက်တမ်းကုန်ဆုံးသည့်ရက်စွဲ ၊ ကုန်ကြမ်းပစ္စည်းအမျိုးအမည်နှင့်ပါဝင်မှု အချိုးအစား၊ ထုတ်လုပ်မှုအမှတ်စဉ်နှင့် သက်ဆိုင်ရာဌာန များမှ ဖော်ပြရန်သတ်မှတ်ထားသော အချက်များဖော်ပြရမည်ဖြစ်သလို ဖြန့်ဖြူးရောင်းချသူများ သည်လည်း အဆိုပါသတ်မှတ်ချက်များနှင့် ကိုက်ညီသောဆေးဝါးများ ဖြည့်စွက်စာများကိုသာ ဆက်လက်ရောင်းချစေလိုကြောင်း၊ သက်တမ်းလွန်ဆေးဝါးများကိုလည်း စနစ်တကျစွန့်ပစ်ရန်လိုအပ်ကြောင်း သက်ဆိုင်ရာဌာနများ၏ ဥပဒေ၊အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဖြန့်ဖြူး ရောင်းချကြရန် အသိပညာပေးခဲ့ကြပြီး နံနက်( ၁၁:၀၀)နာရီတွင် ကွင်းဆင်းစစ်ဆေးမှု ပြီးစီးခဲ့ကြောင်း သိရသည်။
DOCA(မန္တလေး)