နွေနှမ်းဘောင်ကြီးတင်စနစ်စိုက်ပျိုးခင်းစံကွက်ရိတ်သိမ်းခြင်း

Powered by Drupal

          မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့နယ်အတွင်းရှိ ဇောင်ချမ်းကုန်းအုပ်စုတောင် ဦးအောင်ကြည်စိန်၏ နွေနှမ်း ဆင်းရတနာ (၁၄)မျိုးစံကွက် ရိတ်သိမ်းခြင်းကို (၁၄.၅.၂၀၂၅)ရက်နေ့တွင်ရိတ်သိမ်းခဲ့ပါသည်။

         မိတ္ထီလာမြို့နယ်၏ ၂၀၂၅-၂၀၂၆ ခုနှစ်စိုက်ပျိုးရာသီအတွက် နွေသီးနှံဆည်ကန်အလိုက်၊ ကျေးရွာအုပ် စုအလိုက်စိုက်ပျိုးပြီးစီးခဲ့ပြီး မိတ္ထီလာမြို့နယ်မှာ နွေနှမ်းစိုက်ဧက(၂၆၀)ရှိပြီး မိတ္ထီလာတောင်ကန် ရေရရှိသည့် တောမ၊ခင်လူး ၊ထမုန်ကန် ၊ညောင်ကိုင်းကျေးရွာများဖြစ်ပြီး မိတ္ထီလာမြောက်ကန်မှာ ဇောင်ချမ်းကုန်း၊မကျီးစု တို့တွင်စိုက်ပျိုးခဲ့ခြင်းဖြစ်သည်။ဆည်ရေရရှိသောကျေးရွာများမှာ မုန်တိုင်အုပ်စုဖြစ်သော သီးကုန်း၊ မုန်တိုင် နှင့်ချောင်းကောက်အုပ်စုတွင် ကွက်ငယ်ကျေးရွာတို့ဖြစ်ပါသည်။မိတ္ထီလာမြို့နယ်တွင် နွေနှမ်းစိုက်ပျိုးသော ကျေးရွာ(၉)ရွာတို့တွင် စိုက်ပျိုးခဲ့ပါသည်။မိတ္ထီလာခရိုင်တွင် ယခင်ကနွေနှမ်းစိုက်ပျိုးခဲ့ခြင်းမရှိခဲ့သော်လည်း ယခုအခါနွေသီးနှံများအနေဖြင့် စပါးနှင့်နှမ်းကို နွေသီးနှံအဖြစ်စိုက်ပျိုးရန် သက်ဆိုင်ရာကစီမံကိန်းချမှတ်ကာ ကျေးရွာများရှိ တောင်သူများနှင့် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

DOCA(မန္တလေး)