ဘီးလင်းမြို့နယ်၌ သစ်ပင်စိုက်ပွဲကျင်းပ

Powered by Drupal

  ၅.၆.၂၀၂၅ ရက်နေ့ နံနက် (၈:၀၀) နာရီအချိန်တွင် ဘီးလင်းမြို့၊ ရွှေလှေကျေးရွာ အုပ်စု၊ ရွှေလှေကျေးရွာရှိ အ.ထ.က (ရွှေလှေ)တွင် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ်အဖြစ် ၂ဝ၂၅ ခုနှစ်(မိုးရာသီ)သစ်ပင်စိုက်ပျိုးပွဲတော် အခမ်းအနားကျင်းပ ပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မစဖ(ဘလ)ဥက္ကဌ ဦးစည်သူအောင်၊ မနရမှူး(ဘလ) ရဲမှူး မင်းတင် နှင့် မစဖ အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ စုစုပေါင်းအင်အား(၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။

   အဆိုပါ အခမ်းအနားတွင် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများနှင့် ဧည့်သည်တော် များမှ မဟော်ဂနီ၊ နှင့် မန်ဂျန်ရှား ပင်စုစုပေါင်း (၅၄၀)ပင် အားစိုက်ပျိုးခဲ့ပြီး နံနက် (၈:၄၀) အချိန်တွင် အခမ်းအနားပြီးစီးခဲ့ပါကြောင်း သတင်းရရှိပါသည်။

DOCA (မွန်)