ဘီးလင်းမြို့နယ်အတွင်း ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထားသည့် Sprit အမှတ်တံဆိပ်အချိုရည် ရောင်းချခြင်း ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

Powered by Drupal

   (၆.၆.၂၀၂၅) ရက်နေ့တွင် ဘီးလင်းမြို့နယ်၊ စားသုံးသူ‌ရေးရာဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်း၍ ဘီးလင်းမြို့နယ်၊ နှင်းပုလဲကျေးရွာရှိ နှင်းရတနာစျေးသို့ သွားရောက်ကာ ထိုင်းဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား ဖော်ပြထား သည့်     Sprit အမှတ်တံဆိပ် အချိုရည်ဗူးများ‌ရောင်းချခြင်း ရှိ/မရှိ  ကွင်းဆင်းစစ်ဆေးခဲ့ရာ ထိုအမှတ်တံဆိပ်အချိုရည်ဘူးများ စျေးကွက်အတွင်း ဝင်ရောက်လာခြင်းမရှိကြောင်းနှင့် ရောင်းချခြင်းမရှိသည်ကို တွေ့ရပါသည်။ မြန်မာဘာသာဖြင့် ကုန်အညွှန်းအမှတ်အသား အပြည့်အစုံဖော်ပြထားပြီး FDA  ထောက်ခံချက်ပါဝင်သော Sprit အမှတ်တံဆိပ် အချိုရည်ဘူး နှင့်အခြားအချိုရည်ဘူးများကိုသာ ရောင်းချနေကြောင်း နှင်းရတနာစျေးအတွင်းမှ မုန့်မျိုးစုံနှင့် အချိုရည်များ ရောင်းချနေသည့် ဆိုင်ရှင်၏ ပြောကြားချက်အရ စားသုံးသူ ဘေးအန္တရာယ် ကင်းစေသည့်ကုန်အညွှန်းအမှတ်အသားပြည့်စုံစွာဖော်ပြထားပြီး သက်ဆိုင်ရာဌာနများ၏ ထောက်ခံပါဝင်သော ကုန်စည်များကိုသာ ရောင်းချကြောင်း သိရှိရပါသည်။

DOCA (မွန်)