
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်ဦးစီးမှူးရုံး၊ ခရိုင်ဦးစီးမှူး၏ လမ်းညွှန်မှုဖြင့် ခရိုင်ဦးစီးမှူးနှင့် ဝန်ထမ်းများသည် (မိတ္ထီလာ/ရမည်းသင်း) ခရိုင်အတွင်းရှိ မြို့မစျေးများနှင့် ရပ်ကွက်များအတွင်းသို့ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၄) ရက်နေ့တွင် Sprite အမှတ်တံဆိပ် အချိုရည်အား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါ Sprite အချိုရည်ကို Coca-Colar Pinya Beverages Myanmar (CCOBM) ကုမ္ပဏီမှ ၂၀၁၃ ခုနှစ်မှစတင်၍ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာန၏ ခွင့်ပြုချက်နှင့်အညီ ကာဗွန်နိတ်အချိုရည်၊ နို့ထွက်ပစ္စည်းအချိုရည်များ၊ အားဖြည့်အချိုရည်များနှင့် သောက်ရေသန့်များကို အမှတ်တံဆိပ် (၈) မျိုးဖြင့် ထုတ်လုပ်ရောင်းချလျက်ရှိနေပြီး၊ Sprite PET ပလတ်စတစ်ဘူးများကို ၂၀၂၂ ခုနှစ်၊ ဩဂုတ်လတွင် အစိမ်းရောင်မှ အကြည်ရောင်ဘူးများသို့ ပြောင်းလဲခဲ့ခြင်းဖြစ်ရာ ယခုအခါ ရန်ကုန်ဈေးကွက်အတွင်း အစိမ်းရောင်ပလတ်စတစ်ဘူးများကို ထိုင်းဘာသာစကားဖြင့် ဖော်ပြထား၍ Sprite အချိုရည်အတုများ ထွက်ရှိနေသဖြင့် ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရှိရပါသည်။
ကွင်းဆင်းစစ်ဆေးချက်အရ မြိတ်ခရိုင်အတွင်း အစိမ်းရောင်ပလတ်စတစ်ဘူးဖြင့် ထုတ်လုပ်ထားသော Sprite အချိုရည်အတုများမရှိကြောင်း သိရှိရသဖြင့် စားသုံးသူရေးရာဦးစီးဌာနအနေဖြင့် ကုန်အညွှန်းအမှတ်အသားဖော်ပြပါရှိသော ထုတ်ကုန်များ ရောင်းချရန်နှင့် ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဆောင်ရွက်ရန် ပြောကြားခဲ့ကြောင်း သိရှိရသည်။
DOCA(မန္တလေး)