မိုးရာသီ(အကြို)သစ်ပင်စိုက်ပျိုးပွဲတော်

Powered by Drupal

    မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မိတ္ထီလာမြို့ သံယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ၂၀၂၅ခုနှစ် ၊ မိုးရာသီ (အကြို)လူထုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို မိတ္ထီလာကန် ရေဝေ၊ ရေလဲဧရိယာအတွင်းကျရောက်သည့် လိန်တောကြိုးပြင်ကာကွယ်တောတွင် (၅.၆.၂၀၂၅) ရက်နေ့ ၊နံနက်(၈)နာရီအချိန်တွင် စိုက်ပျိုးခဲ့ကြပါသည်။

    သစ်ပင်စိုက်ပျိုးပွဲတွင် မိတ္ထီလာခရိုင်ဌာနဆိုင်ရာများအဖွဲ့၊ ကျေးရွာမြို့မိမြို့ဖများပူးပေါင်း၍ တမာပင်(၁၅၀)၊ စိန်ပန်းပင်(၁၅၀)၊ ဗန်ဒါပင်(၅၀)၊ မယ်ဇယ်ပင်(၅၀)၊ မယ်ဇလီပင်(၅၀)၊ ရေတမာပင်(၂၅) ၊မန်ကျည်းပင်(၂၅)ပင်ဖြင့် စုစုပေါင်းပျိုးပင် (၅၀၀)စိုက်ပျိုးခဲ့ကြပါသည်၊၊”တောမဲ့မြေသား၊ ရေတိုက်စား၏ ကျေးငှက်သားရဲ၊တောမှာမြဲ၏ ဥတုရာသီ၊ တောကိုမှီ၏ တောတောင်ရှိမှ စမ်းရေရ၏ ” ဟုသော ဆိုင်းဘုတ်များစိုက်ထူခဲ့ကြောင်း သိရှိရပါသည်။

DOCA(မန္တလေး)