
စားသုံးသူရေးရာဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် ဦးစီးမှူးရုံးမှ ဒု-ခရိုင်ဦးစီးမှူး ဦးဆောင်၍ မိတ္ထီလာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေး ပူးပေါင်းအဖွဲ့တို့ဖြင့် (၃၀.၅.၂၀၂၅)ရက်နေ့တွင် မိတ္ထီလာမြို့၊ မြို့မဈေးအတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်းသုံး ဓာတ်မြေဩဇာအရောင်းဆိုင်များသို့ သွားရောက်၍ ဒေသအလိုက်အရောင်းဈေးနှုန်းများဖြင့် ရောင်းချခြင်းရှိ/မရှိ၊ အရည်အသွေးမှန်ကန်မှု ရှိ/မရှိ၊ ကွင်းဆင်းဆောင်ရွက်ခဲ့ရာ ဓာတ်မြေဩဇာဆိုင်များ၌ တက်တိုး 15.7.8 တစ်အိတ်လျှင် (၉၈၀၀၀) ကျပ်၊ ဖြိုးမောက် G 46%လုံးကြီး တစ်အိတ်လျှင် ၁၀၀၀၀၀ကျပ်၊ အာမို 16.16.16 တစ်အိတ်လျှင် (၁၇၅၀၀၀) ကျပ်၊ ဇာမဏီ 13.5.7 တစ်အိတ်လျှင် (၈၈၀၀၀)ကျပ်၊ သားပိုက် 16.16.8 တစ်အိတ်လျှင်(၁၂၇၀၀၀)ကျပ်၊ ပုလဲ 46% တစ်အိတ်လျှင် (၁၀၆၀၀၀)ကျပ်၊ ရွှေခြင်္သေ့ 15.7.8 တစ်အိတ်လျှင် (၉၈၀၀၀)ကျပ်တို့ဖြင့် အရောင်းအဝယ် ဖြစ်လျက်ရှိကြောင်းသိရပြီး စိုက်ပျိုးရာသီချိန်ဖြစ်၍ ဈေးကွက်တွင် အရောင်းအဝယ်သွက်လျက်ရှိကြောင်း စိုက်ပျိုးရေးအရောင်းဆိုင်များမှ သိရှိရပါသည်။
DOCA(မန္တလေး)